သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မှာ အရေးပေါ်ဥပဒေ ထုတ်ပြန်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က မြို့တော် ဘန်ကောက်မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါပြီ။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများက ပါလီမန် အဆောက်အဦးအတွင်း အင်နဲ့အားနဲ့ ခဏဝင်ရောက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နာရီအတန်ကြာမှာ ဝန်ကြီးချုပ် အဘီဆစ်က အဲဒီလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရှပ်အင်္ကျီအနီဝတ် ဆန္ဒပြသမားများက လွှတ်တော် အဆောက်အဦးကို ဝိုင်းရံထားရုံမက အထဲကိုပါ ဝင်ရောက်ခဲ့ကြလို့ လွှတ်တော် အစည်းအဝေးပွဲ ရပ်တန့် ရွှေ့ဆိုင်းလိုက်ရပြီး လွှတ်တော်ကိုယ်စားလှယ် တချို့လည်း ထွက်ပြေးကြရာ တချို့ကိုတော့ ရဟတ်ယာဉ်များနဲ့ ကယ်တင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြမှုတွေဟား လတ်တလော ရက်များအတွင်း ပိုမို ပြင်းထန်လာကြပြီး စနေနေ့က ဆန္ဒပြသမားတွေဟာ သူတို့ သိမ်းပိုက်ထားတဲ့ ကမ္ဘာလှည့်ခရီးသည် ဌာနကနေ အင်္ဂါနေ့မှာ ထိုးဖောက်ထွက်ခဲ့ရင်း လုံခြုံရေး ရဲများနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ကန့်ကွက်ပွဲများ ပျံ့နှံ့ ကြီးထွားလာမှာကို စိုးရိမ်တဲ့အတွက် အကြမ်းဖက် ရင်ဆိုင်ရေးကို ရှောင်ရှားလိုကြောင်း ထိုင်းစစ်တပ်က ဆိုပါတယ်။

ဘန်ကောက်မြို့ လက်ရှိ စီးပွားရေး အဆောက်အဦးတွေ၊ စီးပွားရေး လုပ်ငန်းတွေ ပျက်ပြားမှာကို စိုးရိမ်လို့လည်း လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသမားတွေကို မနှိပ်ကွပ်ချင်ကြတာ ဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကလည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG