သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kyrgyz အာဏာသိမ်း အတိုက်အခံ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပမည်


ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan) က ကြားဖြတ်အစိုးရ ကြေညာထားတဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ၆ လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ရိုဇာ အိုတန်ဘာရေးဗာ (Roza Otunbayeva) ကတော့ သမ္မတ ကာမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) ရာထူးက ဆင်းပေးဖို့ ဒီကနေ့ပဲ တောင်းဆိုလိုက်တာပါ။

အာရှတိုက် အလယ်ပိုင်း နိုင်ငံတခုဖြစ်တဲ့ ကီရစ်ကစ္စတန်နိုင်ငံက လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ကြားဖြတ်အစိုးရကို သူမ ကိုယ်တိုင် ဦးဆောင်နေတယ်လို့လည်း အတိုက်အခံ ခေါင်းဆောင်က ပြောဆိုထားတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေကြောင့် သမ္မတကတော့ ဂျလာလာဘတ် ဒေသကို ထွက်ပြေးသွားပြီး ထောက်ခံသူတွေရအောင် စည်းရုံးနေတယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ကြားဖြတ်အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးကတော့ ကီရစ်ကစ္စတန် စစ်တပ်က အတိုက်အခံတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြသူတွေကို နှိမ်နင်းမှာ မဟုတ်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

ထောင်သောင်းချီတဲ့ ဆန္ဒပြသမားတွေ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် ဒေသဆိုင်ရာ အစိုးရကို မောင်းထုတ်ခဲ့ပြီး မြို့တော် ဘီရှ်ကစ် (Bishkek) က အစိုးရ အဆောက်အဦးတွေကို သိမ်းပိုက်ခဲ့ပါတယ်။

ပဋိပက္ခတွေကြောင့် လူ ၇၅ ယောက်ထက်မနည်း သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာတွေ ရခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG