စစ်အစိုးရရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ဆောင်ရွက်ဖို့ အာဆီယံ (ASEAN) ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီလမ်းပြမြေပုံအတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ကို အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့ (Hanoi) မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ၁၆-ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်များ အစည်းအဝေး (ASEAN Summit) အတွင်း မြန်မာ့အရေး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မသင်းသီရိ, က တင်ပြထားပါတယ်။