သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး


ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး
ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး

ပိုလန်သမ္မတ လက် ကာချင်းစကီး (Lech Kaczysnki) ရဲ့ လေယာဉ်ပျံ ရုရှားနိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားလို့ သမ္မတနဲ့ ထိပ်တန်း ပိုလန်ခေါင်းဆောင်များ သေဆုံးသွားပါတယ်။ ဂျက်လေယာဉ်ပျံဟာ နှင်းတွေ ထူထူထပ်ထပ်ထဲမှာ ပျံသန်းရင်း ရုရှားနိုင်ငံ အနောက်ပိုင်း စမောလက် (Smolensk) မြို့အနီးက လေဆိပ်ကို ဆင်းသက်ခါနီးမှာ မီးလောင်ပြီး သစ်ပင်တွေကြား ပျက်ကျသွားကြောင်း၊ လေယာဉ်ပေါ်လိုက်ပါသူ ၉၆ ယောက်စလုံး သေဆုံးသွားကြောင်း ရုရှား အစိုးရ တာဝန်ခံများက ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီ ၉၆ ယောက်ထဲမှာ ၈၈ ယောက်ဟာ ပိုလန်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်များ ဖြစ်ပါတယ်။ သမ္မတနဲ့အတူ သမ္မတ ကတော် မာရီယာ (Maria Kaczysnki)၊ ပိုလန်စစ်ဦးစီးချုပ်၊ အစိုးရအဖွဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပိုလန်နိုင်ငံ ဗဟိုဘဏ်နဲ့၊ ပိုလန်လွှတ်တော်ကိုယ်စားလှယ်များလည်း သမ္မတနဲ့အတူ လိုက်ပါသွားကြတယ်လို့ ပိုလန်အစိုးရက အတည်ပြု ကြေညာပါတယ်။

ပိုလန်နိုင်ငံက အမျိုးသား ကျေကွဲဖွယ်ရာနေ့အဖြစ် ကြေညာထားပြီး ဒါဟာ တကယ့်ကို ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပဲလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက် က ဝါဆော မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန် ၂၂,၀၀၀ ကို ဆိုဗီယက် လုံခြုံရေးတပ်ဖွဲ့များက သတ်ခဲ့တဲ့ အနှစ် (၇၀) ပြည့် အထိန်းအမှတ်ပွဲ ကျင်းပမယ့် စမောလက် မြို့အနီး ကာတဲ မြို့ကိုအသွားမှာ ပိုလန်သမ္မတ နဲ့အတူ တခြား ၈၈ ယောက်တို့ အခုလို လေယာဉ်ပျက်ကျ သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းနည်းကျေကွဲကြောင်း ပိုလန် ဝန်ကြီးချုပ်ထံ အကြောင်းကြားရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG