သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်း


ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်း
ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝတ် ကို ထောက်ခံကြတဲ့ အနီဝတ် ဆန္ဒပြသူတွေ အခြေအနေပိုဆိုးလာတာကြောင့် အစိုးရ တပ်တွေက ပစ်ခတ်နှိမ်နှင်းတာတွေ လုပ်နေတာ အခု ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ အခြေအနေ ဘယ်လောက်ထိ ဆိုးနေသလဲဆိုတာကို အဲဒီနေရာတဝိုက်မှာ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသားညွှန့်ဦးကို ဒေါ်မေငြိမ်းက မေးမြန်းထားပါတယ်။

အခု လက်ရှိအခြေအနေကို ပြောပြပေးပါဦး။ -

"အခု ကျနော် ရောက်နေတဲ့နေရာကတော့ စံဖ တံတား ဆန္ဒပြတဲ့နားက ဆေးရုံမှာပေါ့နော်။ ခုနကလေးတင် မိနစ်ပိုင်းအရ ၁၀ မိနစ်လောက်ကပဲ စပြီးတော့ စစ်တပ်ဘက်က စပြီး ပစ်ပါတယ်။ ပစ်ခတ်တယ်ဆိုတာ ပထမဦးဆုံးကတော့ သူတို့က ပလက်စတစ်ကျည်လို့ပြောပါတယ်။ ရာဘာကျည်ပေါ့၊ အဲဒါနဲ့ မိုးပေါ်ထောင်ပစ်တယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေဘက်က တုတ်တွေဘာတွေနဲ့ ရိုက်တဲ့အခါမှာ သူတို့ဘက်က အတည့် ပြန်ပစ်တယ်။ ဗုံးတလုံး ခွဲပါတယ်။ ဗုံးတလုံးကွဲတယ်ဆိုတာ ဘယ်သူ့လက်ချက်မှန်းတော့ မသိဘူး။ ကျနော့် မျက်မြင်ရှေ့ပဲ လူတယောက် ဗိုက်ပွင့်သွားတယ်။ အဲဒီတယောက်ကို သူတို့ ကယ်ထုတ်တယ်။

ကျနော် အခု ဒီနားက ဆေးရုံကို ရောက်နေပါတယ်။ ဆေးရုံမှာတော့ ဆန္ဒပြတဲ့သူ၊ ထိခိုက်ထားတဲ့သူ တော်တော်များများကို အခု လာပို့နေပါတယ်။ ကျနော့် မျက်မြင်ရှေ့မှာပဲ နှစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီနှစ်ယောက် အလောင်းကို သူတို့ မျက်နှာတွေအုပ်ပြီး သူတို့ ချက်ချင်းပဲ ဆန္ဒပြတဲ့သူတွေက လာလုပါတယ်။ လာလုပြီးတော့ သူတို့ ပြန်ထွက်သွားတယ်။ ကြည့်ရတဲ့ပုံကတော့ ဖြစ်နိုင်ချေရှိတာက သူတို့စခန်းကို ပြန်သယ်သွားမယ့်ပုံ ရှိပါတယ်။ အလောင်းနှစ်လောင်းတော့ ပါသွားပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG