ထိုင်းနိုင်ငံ Bangkok မြို့တော်က ဆန္ဒပြပွဲတွေဟာ စနေနေ့ ဧပြီလ (၁၀) ရက်နေ့က ရဲ နဲ့ ဆန္ဒပြသူတွေကြား တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့လို့ လူ (၁၅) ဦးသေဆုံးကာ လူရာပေါင်းများစွာဒါဏ်ရာရသွားကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း (၂၀) နီးပါး အတွင်း သေကြေမှုအများဆုံး နိုင်ငံရေးအဓိကရုဏ်းဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသတင်းထောက် တဦးနဲ့ စစ်သားတွေလည်းပါဝင်ပါတယ်။ ဒါဏ်ရာရသူ (၆၈၀) ကျော် ရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ သေကြေဒါဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူးကြေကွဲရပါကြောင်း ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။ အခြေအနေ အသေးစိတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။