သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအနီဝတ်တွေ အင်အားပြန်စု


ထိုင်းအစိုးရ ဆန့်ကျင်ရေး အနီဝတ် ဆန္ဒပြသူတွေနဲ့ စစ်သားတွေကြားမှာ ရုန်းရင်းဆန်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေကြောင့် ၂၀ ထက်မနည်း သေဆုံးပြီး ၈၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဒီနေ့ တနင်္ဂနွေမှာတော့ အနီဝတ် ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်ကောင်ကို အလုံးအရင်းနဲ့ ပြန်လည် စုဝေး ရောက်ရှိလာကြပါတယ်။

ထိုင်းအစိုးရက ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာကို အနီဝတ် ဆန္ဒပြ ခေါင်းဆောင်တွေက လူသတ်သမားတွေနဲ့ စေ့စပ်ညှိနှိုင်းတာတွေ မလုပ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။

မနေ့က ဆန္ဒပြပွဲတွေအတွင်း ပေါက်ကွဲမှုကြီးတွေကြောင့် သေဆုံးခဲ့သူတွေထဲမှာ ရိုက်တာစ် သတင်းဌာနရဲ့ ဂျပန်နိုင်ငံသား ဗွီဒီယိုနဲ့ ဓာတ်ပုံသတင်းထောက် တဦးနဲ့ စစ်သား ၅ ဦး ပါဝင်တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ထိုင်းအစိုးရ ပြောခွင့်ရသူ အဆိုအရ ထိုင်းစစ်တပ်က တကယ့် ကျည်ဆံအစစ်တွေကို မသုံးဘဲ ရာဘာကျည်ဆံတွေကိုသာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့ကလာတဲ့ သတင်းတွေအရ အနီဝတ် ဆန္ဒပြသူတွေက ထိုင်းစစ်သားတချို့ကို ဓားစာခံတွေအဖြစ် ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG