သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ နျူကလီးယား ထိပ်သီးညီလာခံ သမ္မတ အိုဘားမား တာဝန်ယူ ကျင်းပ


သမ္မတ အိုဘားမား (Obama) အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် နိုင်ငံတကာ နျူကလီးယား လုံခြုံရေး ထိပ်သီးညီလာခံကို တက်ရောက်ဖို့အတွက် နိုင်ငံပေါင်း ၄၇ နိုင်ငံက ခေါင်းဆောင်တွေ ဝါရှင်တန်မြို့တော်ကို စုဝေး ရောက်ရှိနေကြပါပြီ။

အကြမ်းဖက်သမားတွေ လက်ထဲ နျူကလီးယား လက်နက်တွေ မရောက်အောင် ကမ္ဘာတဝန်းက ဘယ်လို မဟာဗျူဟာတွေ ချမှတ်ပြီး ကိုင်တွယ်သွားကြမလဲ ဆိုတာကို ထိပ်သီးတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် နိုင်ငံတကာ နျူကလီးယားအရေး ထိပ်သီးညီလာခံကို သမ္မတ အိုဘားမားက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှာ ဖြစ်ပြီး ဒီညီလာခံကို သမ္မတ အိုဘားမားက သဘာပတိအဖြစ် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းတွေသာ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားခဲ့မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးအတွက် တခုတည်းသော အကြီးမားဆုံး ခြိမ်းခြောက်မှု အန္တရာယ်ပါပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အယ်လ်ကိုင်းဒါးလို အကြမ်းဖက် အဖွဲ့အစည်းတွေက နျူကလီးယား လက်နက်တွေ လက်ဝယ်ရရှိဖို့ ကြိုးစားနေကြပြီး တကယ်လို့ သူတို့လက်ထဲကိုသာ နျူကလီးယား လက်နက် နည်းပညာတွေ၊ ကုန်ကြမ်းတွေ ရောက်သွားခဲ့မယ်ဆိုရင် ကမ္ဘာတဝန်း လုံခြုံရေး မြင်ကွင်းဟာ လာမယ့်နှစ်တွေအတွင်း အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်တယ်လို့ သမ္မတ အိုဘားမားက မှတ်ချက်ချပါတယ်။

အကြမ်းဖက်သမားတွေမှာသာ အဲဒီလက်နက်တွေ ရှိခဲ့ရင် အသုံးပြုဖို့အတွက် ချီတုံချတုံ စဉ်းစားနေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ ကိုယ့်ရဲ့ နျူကလီးယားဆိုင်ရာ ပစ္စည်းကိရိယာ၊ နည်းပညာတွေ အားလုံးကို စာရင်းပြုစု ထားကြလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း၊ တကယ်လို့ အဲဒီပစ္စည်းတွေ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားခဲ့ရင် ၄ နှစ်အတွင်း အန္တရာယ် ပေးနိုင်တယ်လို့ သမ္မတ အိုဘားမားက မနေ့က ပြောထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG