သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hard စကားလုံး အီဒီယံအသုံးအနှုန်းများ


Hard စကားလုံး အီဒီယံအသုံးအနှုန်းများ
Hard စကားလုံး အီဒီယံအသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ hard sell, hard hat နဲ့ a hard row hoe တို့ ဖြစ်ကြပါတယ်။

ဒီတပတ် ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ hard sell ဖြစ်ပါတယ်။ Hard တင်းတင်းမာမာ၊ ခက်ခက်ခဲခဲ၊ ကြပ်ကြပ်တည်းတည်း။ Sell ရောင်းသည် တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရောင်းတဲ့နေရာမှာ ခက်ခက်ခဲခဲ ရှိခြင်း၊ အတင်းအကြပ်ရောင်းသည် တို့ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း အနည်းငယ်နီးစပ်ပါတယ်။ ပွဲစားတယောက်ယောက်က သူ့ပစ္စည်းထွက်ရလေအောင် ဝယ်သူကိုအမျိုးမျိုး အတင်းအဓမ္မရောင်းချတဲ့နည်းမျိုး သုံးတာကို hard sell အီဒီယံအသုံးနဲ့ ရည်ညွန်းပြောဆိုပါတယ်။ ဒါအပြင် ရောင်းသူက ဝယ်သူကို အားပေါက်အောင် ပြောဆိုရတာ၊ မျက်နာမပူ၊ အားမနာ ဘယ်လိုပြောပြော တင်းခံပြီး မဝယ်တဲ့လူစားမျိုးကိုလည်း hard sell လို့ တင်စားပြောလို့ ရပါတယ်။

တယ်လီဖုန်းကတဆင့်ဆက်သွယ်ပြီး မဂ္ဂဇင်းတစောင် အတင်းအဓမ္မ ရောင်းဖို့ကြိုးစားနေတဲ့ အရောင်းသမားတယောက်အကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"This salesman was so very aggressive. He wouldn't take 'no' for answer. He really used a hard sell. Finally, I got mad and told him I like the magazine, but his hard sell didn't work on me. Then, I hung up the phone on him"

"ဒီအရောင်းသမားက အတင်းအကြပ်ပါဘဲ။ ကျနော် ငြင်းဆိုတာကို လက်မခံဘူး။ ကျနော်ကို အတင်းအဓမ္မ ရောင်းနေတယ်။ ကျနော်လည်း ကြာတော့ ဒေါကန်လာပြီး ခင်များ မဂ္ဂဇင်းကိုတော့ ကျနော်ကြိုက်ပါရဲ့ ဒါပေမဲ့ အခုလို အတင်းအဓမ္မရောင်းတဲ့ ပုံစံမျိုးတော့ ကျနော်မကြိုက်ဘူးလို့ ပြောဆိုပြီး ဖုန်းကို ချလိုက်တယ်။"


ဒုတိယ တင်ပြပေးမယ့် အီဒီယံကတော့ hard hat ဖြစ်ပါတယ်။ Hard ခက်ခဲသည်၊ မာကျောသည်။ Hat ဦးထုပ် တို့ ဖြစ်ပါသည်။ Hard hat က တနည်းဆို helmet ဆိုတဲ့ ဝေါဟာရနဲ့လည်း အဓိပ္ပါယ် ဆင်ပါတယ်။ Hard hat ရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သံခမောက် (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်သားတွေ အန္တရာယ်ကင်းရလေအောင် ဝတ်တဲ့ သံ (သို့မဟုတ်) ပလက်စတစ်အမာနဲ့ ပြုလုပ်ထားတဲ့ ခမောက်ကို ခေါ်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် ခေါင်းကို ဒဏ်ရာ မရရလေအောင် စစ်တိုက်၊ မော်တော်ဆိုင်ကယ်စီး၊ စက်ဘီးစီးတဲ့အခါ ခေါင်းကို ကာကွယ်နိုင်အောင် ဆောင်းတာဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ပြီး ဒီ hard hat အသုံးက အခုလို ဆောက်လုပ်သားလုပ်သားတွေ၊ မီးပြင်ဆရာတွေ၊ ပိုက်ပြင်ဆရာတွေ အစရှိတဲ့ စက်ပြင်ဆရာတွေ အသုံးပြုတဲ့ ခမောက်ကို ဆိုလိုပါတယ်။ Hard hat ဆိုတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးခံယူချက်ဟာ ရှေးရိုးကြတယ်၊ မျိုးချစ်စိတ်လည်း ရှိတာကို တွေ့ရပါတယ်။

ဥပမာ ဗီယက်နမ်စစ်ပွဲအတွင်းက ကောလိပ်ကျောင်းသားအများစုက စစ်ကိုဆန့်ကျင်ကြပေမယ့် ခမောက်ဆောင်း အလုပ်လုပ်သူအများစုကတော့ ထောက်ခံကြတာ တွေ့ရပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Back thirty-five years ago, student groups and hard hats matched in public demonstration against each other's stand on the war. Sometimes these ended up in fights with both sides used their fists on each other."

"လွန်ခဲ့တဲ့ (၃၅) နှစ်က ကျောင်းသားအုပ်စုတွေနဲ့ ခမောက်ဆောင်းအလုပ်သမားတွေ စစ်နဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် ခံယူချက်တွေ ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ ချီတက်ခဲ့ကြတယ်။ တခါတရံလည်း ဒီလိုဆန္ဒပြပွဲတွေဟာ နှစ်ဖက် ထိုးကြိုက်ရန်ဖြစ်တာနဲ့ အဆုံးသတ်လေ ရှိပါတယ်။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ a hard row hoe ဖြစ်ပါတယ်။ A = တခု၊ hard = ခက်သော၊ မာကြောသော၊ row = လိုင်းတလိုင်း၊ တန်းတတန်း၊ မြောင်းတမြောင်း၊ hoe = (နာမ်) ပေါက်ပြား။ (ကြိယာ) မြေကြီးကို ပေါက်ပြားနဲ့ တူးဆွသည် တို့ဖြစ်ပါတယ်။ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြေကြီးကို တူးဆွရာမှာ ခက်ခက်ခဲခဲ တူးရတဲ့ မြောင်းတမြောင်း၊ လိုင်းတလိုင်း၊ တန်းတတန်းကို ဆိုလိုပါတယ်။

ဒီအသုံးက အမေရိကန်လယ်သမားတွေဆီက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးပင်အတွေကို အတန်းလိုက်၊ မြောင်းအလိုက် စိုက်ရာမှာ မြေကြီးကို တူးဆွပြင်ဆင်ရမယ့်အတိုင်း ဒီတနေရာလုံးမှာ ခဲ၊ အုတ်စအုတ်ပဲ့တွေနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် တော်တော်လေး ခက်ခက်ခဲခဲ တူးဆွပြီး မြေကြီးကို ပြင်ဆင်ရမယ့်သဘောမျိုး ရှိတာကို နေ့စဉ်ဘဝ ရုန်းကန်နေထိုင်မှုမှာ တင်စားပြီးတော့ အီဒီယံအသုံးအရ အခက်အခဲက တောက်လျှောက်ဖြစ်နေတယ်။ ကိစ္စတခု အထမြောက်ဖို့ ခက်ခက်ခဲခဲ လုပ်ရမယ့်သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ခက်ရခက်ဆစ် လုပ်ရတယ့်သဘောဖြစ်ပါတယ်။

George Crows ပေးတဲ့ဥပမာမှာ ၁၉၄၈ ခုနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အဲဒီအချိန်က သမ္မတ Harry Truman က နောက်ထပ် သမ္မတသက်တမ်းအတွက် ဝင်ရွေးချယ်ဖို့ စိုင်းပြင်နေတဲ့အချိန်ဖြစ်ပြီး သူပြန်အရွေးခံရဖို့ကလည်း သိပ်အခြေအနေ မကောင်းလှပါဘူး။ တဖက်မှာ Republican ပါတီက သမ္မတလောင်း Thomas Dewey ရှေ့ပြေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပြီးညမှာ မဲဆန္ဒအများစုတို့ကို ရေတွက်ပြီးပေမယ့် အဖြေထွက်ဖို့ စောင့်နေချိန်မှာ အမေရိကန်တနိုင်ငံလုံးက Thomas Dewey တယောက်ပဲ အနိုင်ရလိမ့်မယ်လို့ ယူဆပြီး အိပ်ယာဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တနေ့ အဖြေကတော့ ဘယ်လိုဖြစ်တယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

"But Americans woke up next day to discover that Truman was the winner. The campaign had been a hard row hoe for him, but it was one of the most remarkable election upsets in American history."

"ဒါပေမဲ့ နောက်တနေ့ အမေရိကန်နိုင်ငံသားတွေ အိပ်ယာက နိုးလာတဲ့အခါမှာတော့ Harry Truman အနိုင်ရသွားတာကို သိခဲ့ကြတယ်။ ဒီရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုဟာ သမ္မတ Truman အတွက် အင်မတန်ကို ခက်ရခဲဆစ် ကြိုးစားခဲ့ရတဲ့ ယှဉ်ပြိုင်ပွဲတခုပါ။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲဟာ အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ အထူခြားဆုံး မှတ်သားလောက်တဲ့ ကဗြောင်းကပြန် ဖြစ်သွားတဲ့ ကိစ္စရပ်တခုထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG