သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် အကြမ်းဖက်သမားများ လက်ဝယ် မရောက်ရေး ထိပ်သီးညီလာခံ ဦးစားပေး


အကြမ်းဖက်သမားတွေ လက်ထဲ နျူကလီးယားလက်နက် ဆိုင်ရာ ပစ္စည်း ပစ္စယတွေ၊ နည်းပညာတွေ မရောက်စေရေး အာရုံစိုက် ဆွေးနွေးခဲ့ကြတဲ့ ၂ ရက်ကြာ နျူကလီးယား လုံခြုံရေး ထိပ်သီးညီလာခံ ဒီနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့တဲ့ ၂ ရက်ကြာ နျူကလီးယားအရေး ထိပ်သီးညီလာခံကို နိုင်ငံပေါင်း ၄၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး လာမယ့် ၄ နှစ်အတွင်း နျူကလီးယား ကုန်ကြမ်းတွေ လုံခြုံ စိတ်ချရအောင် နိုင်ငံအသီးသီးက ကတိကဝတ် ပြုကြတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကမ္ဘာတဝန်း နျူကလီးယား လက်နက်တွေ အနည်းဆုံး ၁၂၀,၀၀၀ လောက်အထိ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ နျူကလီးယား ကုန်ကြမ်းတွေ အလုံအလောက် ရှိနေတာကြောင့် အဲဒီပစ္စည်းတွေ၊ ကုန်ကြမ်းတွေ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားနိုင်တာကြောင့် ကျွမ်းကျင်သူတွေက စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ ပြောကြပါတယ်။

ဒီထိပ်သီးညီလာခံ မစတင်မီ တနင်္လာနေ့မှာတော့ သမ္မတ အိုဘားမား (Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ တွေ့ဆုံခဲ့ကြပြီး အီရန်က နျူကလီးယား အစီအစဉ် စွန့်လွှတ်ရေး ဖိအားတိုးပေးဖို့ သဘောတူခဲ့ကြပါတယ်။

နျူကလီးယား အစီအစဉ်တွေကြောင့် အနောက်နိုင်ငံတွေက အဝေဖန်ဆုံး ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံက ခေါင်းဆောင်တွေကိုတော့ ဒီအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG