သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီဝတ် ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်မှာ ပြန်လည် စုရုံး


ထိုင်းဝန်ကြီးချုပ် ပြုတ်ကျရေး နောက်ဆုံးပွဲ နွှဲကြဖို့ဆိုပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရဲ့ တကယ့် စီးပွားရေး အချက်အချာကျတဲ့ နေရာကို မနေ့က ရွှေ့ပြောင်းလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စစ်တပ်နဲ့ ဆန္ဒပြသူတွေအကြား လူတွေ သေဆုံးခဲ့ရတဲ့အထိ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ မြို့လယ်ခေါင် သမိုင်းဝင်နေရာကနေ အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူတွေက လူတွေ ဈေးဝယ်အထွက် အများဆုံးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာကို ရွှေ့ပြောင်းလာကြတာပါ။

စနေနေ့က ပဋိပက္ခကြောင့် လူ ၂၁ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြတာပါ။

အစိုးရနဲ့ နောက်ဆုံးအဆင့် ထိပ်တိုက်ရင်ဆိုင်ကြရေး မြို့လယ်ခေါင်ကို စုဝေးလာကြဖို့ ဆန္ဒပြ ခေါင်းဆောင်တွေက ဆော်သြထားပါတယ်။

မနေ့တုန်းကပဲ ငြိမ်းချမ်းရေးနဲ့ အစိုးရကို ထောက်ခံကြတဲ့ လူတွေက အင်အား ရာနဲ့ချီပြီး ဘန်ကောက်မြို့လယ်က Victory Monument လို့ ခေါ်တဲ့ အောင်ပွဲဝင် ကျောက်တိုင်နေရာမှာ လာပြီး စုရုံးခဲ့ကြပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်က အစိုးရကို ထောက်ခံပြီး လေဆိပ်ကို သိမ်းခဲ့တဲ့ အ၀ါရောင်အင်္ကျီဝတ် အုပ်စုတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခု ဆန္ဒပြနေကြတဲ့ အစိုးရ ဆန့်ကျင်ရေး အနီရောင် အုပ်စုတွေကတော့ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့သူတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG