ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းရံထားတဲ့ကြားက အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် ၃ ယောက် သူတို့ တည်းနေတဲ့ ဟိုတယ်ကနေ ဘယ်လို ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
အင်္ကျီနီဝတ် ခေါင်းဆောင်တယောက်ကတော့ ဟိုတယ် သုံးထပ်ကနေ ကြိုးနဲ့လျှောဆင်းသွားပြီး အောက်ကိုရောက်လို့ ရဲတွေက သူ့ကို ဝိုင်းဖမ်းဖို့လာကြတဲ့အချိန်မှာ သူ့လူတွေကနေ အပြင်ကို အမြန်ကယ်ထုတ်သွားခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီဟိုတယ် ပတ်ဝန်းကျင်မှာရှိနေတဲ့ ဆန္ဒပြလူအုပ်ကြီးကို အဲဒီလွတ်မြောက်သွားတဲ့သူက ကားပေါ်ကနေ စကားပြောခဲ့ပါတယ်။ သူက ဝန်ကြီးချုပ် ဝိက်ချာချီ၀ ကို လက်ရဖမ်းဆီးမယ်လို့ ကတိပေးလိုက်ပါတယ်။
ဆန္ဒပြ အင်္ကျီနီဝတ်တွေထဲက ရဲနှစ်ယောက်ကို ဝိုင်းရံထားတဲ့အချိန်မှာပဲ ကျန်ခေါင်းဆောင် နှစ်ယောက်ဟာလည်း ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းနိုင်ဖို့ ကြိုးစားတာ မအောင်မမြင် ဖြစ်ခဲ့တဲ့နောက် ဝန်ကြီးချုပ် အဘီဆစ် လည်း တိုင်းပြည်ကိုပြောမယ့် သူ့ရဲ့ မိန့်ခွန်းကို အချိန်နောက်ရွှေ့လိုက်ရပါတယ်။
ဆန္ဒပြသူအများစုဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင် တက်ဆင် ရှီနဝဒ်ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ သူတို့က လက်ရှိဝန်ကြီးချုပ် အဘီဆစ် ဟာ တိုင်းပြည်အာဏာကို အတင်းအဓမ္မ ယူခဲ့တာကြောင့် ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။