မြန်မာစစ်အစိုးရက ဒီနှစ်ထဲကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တကယ်ပဲ လွတ်လပ် မျှတပါ့မလား၊ အဲဒီအပြင် သတင်းသမားတွေ အတွက် မီဒီယာ လွတ်လပ်ခွင့်ရော တကယ် ရှိပါ့မလားဆိုတာတွေကို ဆွေးနွေးဖို့အတွက် BMA မြန်မာ့ သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်၊ စာရေးဆရာ မောင်သာမညတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။