စစ်အစိုးရ ပြုလုပ်ပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ တိုင်းရင်းသား ပါတီတချို့ မှတ်တင်ကြတာ ကြားသိရပါတယ်။ ဒီတိုင်းရင်းသား ပါတီတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဘယ်လိုရလဒ်မျိုးတွေ မျှော်လင့်နိုင်မယ် ထင်ကြပါသလဲ။ ဒါမှမဟုတ် မ၀င်မဖြစ်တဲ့ အခြေအနေ တရပ်ရပ်ကြောင့် ဒီလို ဆုံးဖြတ်ကြရတာလားဆိုတာ ဆွေးနွေးဖို့အတွက် ENC တိုင်းရင်းသား လူမျိုးစုများကောင်စီရဲ့ အကြံပေးပုဂ္ဂိုလ် ဦးဟန်ညောင်ရွှေ၊ NLD ပါတီရဲ့ သထုံမြို့နယ် လွှတ်တော်အမတ် ဦးခွန်မြင့်ထွန်းတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။