ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဒုက္ခသည်စခန်းတခုမှာ အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့လို့ လူပေါင်း ၄၁ ဦး သေဆုံးပြီး တခြား လူ ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။ အိုးအိမ်စွန့်ခွာပြေးလာကြတဲ့ ဒုက္ခသည်တွေကိုထားတဲ့ ကာချာပူကာ (Kacha Pukka) ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေဟာ အကူအညီပစ္စည်းတွေ ရရှိဖို့ တန်းစီနေကြချိန်မှာ မိနစ်ပိုင်းပဲခြားပြီး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့တာပါ။
အသေခံဗုံးခွဲသူတွေဟာ ရှေးရိုးစွဲ မူစလင်အမျိုးသမီးတွေဝတ်တဲ့ တကိုယ်လုံးခြုံထားတဲ့ burka ခေါင်းမြီးခြုံပုဝါတွေကို ၀တ်ဆင်ထားကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက လုပ်ဆောင်တာလို့ ယူဆကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတဦးက ပြောပါတယ်။ ပါကစ္စတန်တပ်တွေက တာလီဘန်တွေကို ထိုးစစ်တွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အာရက်ဇီးယား ပြည်နယ်ကနေ ဒုက္ခသည်တွေ ထွက်ပြေးပြီးတော့ ဒီစခန်းမှာ လာနေကြရတာပါ။
တာလီဘန်တွေရဲ့ အကြမ်းဖက်လုပ်ငန်းတွေ၊ အစိုးရရဲ့ စစ်ဆင်ရေးတွေကြောင့်
အဲဒီဒေသဟာ ဒေသခံတွေ အိုးအိမ်စွန့်ခွာ အထွက်ပြေးရဆုံး နယ်မြေဖြစ်ပါတယ်။