သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ လေယာဉ်ပျံသန်းမှုတချို့ စတင်တော့မည်


ဥရောပတလွှားမှာ လေယာဉ်ပျံသန်းမှုတွေ ပိတ်ထားတာကြောင့် လေယာဉ်ခရီးစဉ်တွေ အတွက် အကြီးအကျယ် ထိခိုက်ခဲ့ရပြီး ဒီလို လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းမှုကြောင့် လိုရာခရီး မရောက်နိုင်ဘဲ ပိတ်မိနေတဲ့ ခရီးသည်တွေကို အင်္ဂါနေ့ကစပြီး သွားရောက် ခေါ်ဆောင်ပေးပါလိမ့်မယ်။

ဥရောပသမဂ္ဂ ကူးသန်းသွားလာရေး ဝန်ကြီးတွေဟာ တနင်္လာနေ့ကပဲ ဗွီဒီယိုကတဆင့် ဆွေးနွေးခဲ့ကြပြီး မီးတောင်ပေါက်ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေယာဉ်ပျံသန်းမှုတွေ ပိတ်ထားရပြီး လေကြောင်းနဲ့ ခရီးသွားတွေ အကြီးအကျယ် ဒုက္ခရောက်နေရတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ နယ်မြေ ၃ ခု ခွဲခြားသတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။

နယ်မြေတခုမှာဆိုရင် လေယာဉ်ခရီးစဉ်တွေ အားလုံးကို ဖွင့်ပေးမှာဖြစ်ပြီး နယ်မြေ နောက်တခုမှာတော့ အကန့်အသတ်နဲ့ပဲ လေယာဉ်ပျံသန်းမှုတွေကို ခွင့်ပြုမှာ ဖြစ်ပါတယ်။ နောက်ကျန်တဲ့ နယ်မြေမှာတော့ လေယာဉ်ပျံသန်းမှုတွေကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သတ်ရင်တော့ လုံးဝ အထိခိုက် မခံနိုင်ဘူးလို့ ဥရောပသမဂ္ဂရဲ့ ကူးသန်းသွားလာရေး ကော်မရှင်နာ မင်းကြီး ဆင်မ် ကာလပ်စ် (Siim Kallas) က ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ်တွေ တိုးမြှင့်ပျံသန်းခွင့် ပြုတာဟာ လေကြောင်းလိုင်းတွေ အတွက်ရော၊ ဒုက္ခရောက်နေကြတဲ့ ခရီးသည်တွေ အတွက်ရော၊ ဒီပြဿနာဒဏ်ကို အလူးအလဲ ခံလိုက်ရတဲ့ ဥရောပက စီးပွားရေး လုပ်ငန်းတွေ အတွက်ရော သတင်းကောင်းပါလို့ မစ္စတာ ကာလပ်စ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ ကတည်းက စဖြစ်တဲ့ ဒီပြဿနာကြောင့် စီးပွားရေးမှာ ဆုံးရှုံးထိခိုက်ရမှုဟာ အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အခြေအနေထက်တောင် ပိုဆိုးရွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG