သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးနဲ့ မဖြေရှင်းဖို့ KIA သတိပေး


မြန်မာစစ်အစိုးရအနေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သဘောကွဲလွဲချက်တွေအပေါ် တပ်အင်အားကိုသုံးပြီး စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ KIA အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဧပြီလ ၂၈ ရက်နေ့မှာ နောက်ဆုံးထား အကြောင်းပြန်ဖို့ စစ်အစိုးရက ပြောဆိုထားပါတယ်။ KIO ဘက်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံပဲ ပြည်ထောင်စု တပ်မတော်ထဲမှာ တပ်တခု အနေနဲ့ ပါဝင်လိုတဲ့ အကြောင်း တုံ့ပြန် ပြောဆိုနေပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG