အာဖရိကနွယ်ဖွား အမေရိကန်ပြည်သူ အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်၊ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ရှေ့ရှုဆောင်ရွက်ခဲ့သူလည်းဖြစ်တဲ့အပြင် အမေရိကန်သမ္မတ Roosevelt ကအစ လက်ရှိ သမ္မတ အိုဘားမား အထိ သမ္မတအဆက်ဆက် အကြံဥာဏ်တောင်းခြင်းခံခဲ့ရသူ Dorothy Irere Height ဟာ ဧပြီလ ၂၀ ရက်နေ့က အသက် ၉၈ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပါ တယ်။ လူဖြူ လူမည်း ခွဲခြားဆက်ဆံခြင်းခံခဲ့ရတဲ့ ကာလကို သတ္တိရှိရှိ ဖြတ်ကျော်ရင်ဆိုင် ခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို သူ မကွယ်လွန်မီအချိန်အထိ လုပ်ဆောင်ခဲ့သူ Dorothy Height အကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူ Dorothy Height အကြောင်း တစေ့တစောင်း
