သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲကြောင့် ထိုင်းစီးပွားရေး အကြီးအကျယ်ထိခိုက်


ဆန္ဒပြပွဲကြောင့် ထိုင်းစီးပွားရေး အကြီးအကျယ်ထိခိုက်

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ အကျီအနီဝတ် (red shirts) ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ရဲ့  စီးပွားရေးအရ အချက်အခြာကျတဲ့ နေရာတွေကို ရက်ရှည် သိမ်းပိုက်ထားတဲ့အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ အကြီးအကျယ် အထိနာနေပါတယ်။ အစိုးရကို ထောက်ခံတဲ့သူတွေရဲ့ တန်ပြန် ဆန္ဒပြပွဲတွေလည်း ဘန်ကောက်မြို့မှာ ပေါ်ပေါက်လာနေပါတယ်။ ဆန္ဒပြသူ အကျီအနီဝတ်တွေကို နှိမ်နှင်းရေးနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်အတွင်းမှာ သဘောကွဲလွဲမှုတွေ ရှိနေ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက သတင်းပေးပို့ တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG