အခုတပါတ် ကျန်းမာရေးအစီအစဉ်မှာတော့ ထိုင်းမြန်မာနယ်စပ်မှာ အနှစ်၂၀ကျော်ရပ်တည်ပြီး ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့  မယ်တော်ဆေးခန်းအကြောင်းကို နားဆင်ရမှာပါ။ ဆေးခန်းလို့ ဆိုပေမဲ့လည်း ဆေးရုံတခုလို လည်ပါတ်နေတာပါ။ မြန်မာပြည်တွင်းက လူနာတွေပါ အားကိုးနေရတဲ့ မယ်တော်ဆေးခန်းအကြောင်း ဒီဆေးခန်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာခင်စောဝင်းက ပြောပြပါလိမ့်မယ်။ ကိုကျော်အောင်လွင်က တင်ဆက်ပေးမှာပါ။