သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Edge စကားဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Edge စကားဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Edge စကားဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ on the cutting edge, have an edge on နဲ့ on the ragged edge တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးက on the cutting edge ဖြစ်ပါတယ်။ On = အပေါ်မှာ။ Cutting = cut ဆိုတဲ့ လှီးသည်၊ ဖြတ်သည်၊ ညှပ်သည်။ ကိုက်သည် ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး cutting ဆိုတဲ့ဝေါဟာရက ဒီနေရာမှာ နာမဝိသေသန (adjective) အဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ Edge = အသွား၊ အစွန်၊ အနား တို့ဖြစ်ကြပါတယ်။ Cutting edge က ဖြတ်လို့ညှပ်လို့ရတဲ့ အစွန်၊ အဖျား၊ ချွန်းထက်ဆူးရှလှတဲ့ နှုတ်ခမ်းသွားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အီဒီယံအဓိပ္ပါယ်ကတော့ သိပ္ပံ၊ ယဉ်ကျေးမှု၊ စာပေကဏ္ဍတွေမှာ သူများထက်စာရင် ရှေ့ကပြေးနေတယ်၊ တဖက်ကမ်းခတ်အောင် တတ်တယ်၊ နားလည်းသဘောပေါက် တတ်ကျွမ်းတဲ့လူမျိုး။ ကျမတို့မြန်မာ ဘန်းစကားမှာတော့ အာစရိလို လူမျိုးမျိုး ဖြစ်ပါတယ်။

အောက်ပါ George Crows ပေးထားတဲ့ ဥပမာမှာတော့ ကမ္ဘာကြီးနဲ့ ပတ်သက်လာရင် အားလုံးထက်ပိုပြီး တဖက်ကမ်းခတ် တတ်မြောက်ပြီး အများက အသိအမှတ်ပြုတဲ့ လူတယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ အာဏာရှင် ဟစ်တလာ (Hitler) လက်ထက်တုန်းက ဂျာမဏီ (Germany) ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သိပ္ပံပညာသမိုင်းမှာ သူမတူအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂျူး (Jew) လူမျိုး သိပ္ပံပညာရှင် ဖြစ်ပါတယ်။ သူ့အကြောင်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Albert Einstein was on the cutting edge of physics. His idea drastically changed modern thoughts on space and time. And, his idea on atomic energy brought up to this nuclear age."

"Albert Einstein က ရူပဗေဒပညာရပ်မှာတော့ တဖက်ကမ်းခတ်အောင် တတ်သိတဲ့သူပါ။ အကွာအဝေး၊ အချိန်နဲ့ ပတ်သက်လို့ သူရဲ့ အတွေးအခေါ်တွေဟာ ခေတ်သစ်တွေးခေါ် မျှော်မြင်မှုအပိုင်းကို အပြောင်းလဲကြီးပြောင်းလဲ နိုင်စေခဲ့တယ်။ ဒါအပြင် အနုမြူစွမ်းအင်နဲ့ ပတ်သက်လို့လည်း သူရဲ့ အတွေးအခေါ်တွေဟာ ကျနော်တို့ ကမ္ဘာကြီးကို နျူကလီယားခေတ်ဆီကို အရောက်ပို့ပေးနိုင်ခဲ့တယ်။"


ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးက have an edge on ဖြစ်ပါတယ်။ Have = ရှိသည်၊ ရရှိထားသည်။ An = တခု။ Edge = အစွန်အဖျား၊ အနား နဲ့ On = အပေါ်မှာ တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ လမ်းအဖျားပေါ်မှာ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒီနေရာမှာ have an edge on အစား have the edge on လို့ an အစား the ကို အစားထိုး သုံးစွဲနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ပြိုင်ပွဲတွေ၊ ယှဉ်ပြိုင်မှုတွေမှာ တပန်းသာခြင်း၊ သူများထက် အသာစီးရနေတဲ့ သဘောဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးကို စီးပွားရေး၊ နိုင်ငံရေး နဲ့ အားကစား လောကမှာ အသုံးများလေ့ ရှိပါတယ်။ ဥပမာ အမေရိကန်နိုင်ငံလုပ် ပစ္စည်းတွေဆိုရင် နိုင်ငံတကာ ဈေးကွက်မှာ မျက်နှာပန်း သာတာကတော့ quality control ကုန်စည်ရဲ့ အရည်အသွေး ပြည့်မှီမှုကို ထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Made in USA ဆိုလိုရှိရင် ပိုပြီးတပန်းသာတာ အများအသိ ဖြစ်ပါတယ်။

အခုပေးမယ့် George Crows ဥပမာမှာ နိုင်ငံရေးသမားတဦးက သူ့ယှဉ်ပြိုင်ဖက်ပေါ် တပန်းသာတဲ့ အပြောအဆိုအသုံးအနှုန်း ဖြစ်ပါတယ်။

"I think Pete Smith has an edge on his rivals on the race for the US Senate seat for our state. He got experience and he has been a Govenor for ten years. He is sure to win in November."

"ကျနော်တို့ ပြည်နယ်အတွက် အထက်လွှတ်တော်အမတ် ယှဉ်ပြိုင်ရာမှာ Pete Smith ကတော့ သူ့ယှဉ်ပြိုင်ဘက်တွေထက် တပန်းသာတယ်လို့ ကျနော်ထင်တယ်။ သူက အတွေ့အကြုံလည်း ရှိတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှုး လုပ်လာတာလည်း ဆယ်နှစ် ရှိပြီ။ ဒါကြောင့် နိုဝင်ဘာလရောက်ရင်တော့ သူနိုင်ဖို့ သေချာပါတယ်။"


နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ on the ragged edge ဖြစ်ပါတယ်။ On = အပေါ်မှာ။ Ragged = အစွန်းအစများ၊ အထစ်ထစ် ဖြစ်နေသော၊ မဖြောင့်တန်း ကြမ်းထော်သော။ Edge = အစွန်အဖျား တို့ ဖြစ်ကြပါတယ်။ မညီမညာ ထိုထိုထောင်ထောင် ထွက်နေတဲ့ တောင်စွန်း တောင်ဖျားတွေကိုလည်း တို့ကို ရည်းညွှန်ပြောလို့ ရပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မညီမညာ ဆူးရှနေတဲ့ တောင်စွန်းတောင်ဖျား လို့ ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီနေရာမှာ မညီမညာ ဆူးရှနေတဲ့ တောင်စွန်းတောင်ဖျားတွေပေါ်ရောက်ရင် လူဟာ ပြုတ်ကျဖို့ သေချာတဲ့အတွက်ကြောင့် အန္တရာယ် များတဲ့ သဘောမျိုးဖြစ်ပါတယ်။

အခု George Crows ပေးတဲ့ ဥပမာမှာ သူ့လုပ်ငန်းမှာ စီးပွားပျက်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့သဘော ဖြစ်ပါတယ်။

"Mary, I am getting scared of about our money situation in the firm. Our sale are down and our costs are way up. Unless we can get a quick loan, I'm afraid we will be on the ragged edge of going bankrupt."

"Mary ရေ တို့ကုမ္မဏီရဲ့ ငွေရေးကြေးရေး အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်။ အရောင်းတွေကျပြီး ကုန်ကျစရိတ်များနေတော့ ကျနော်တို့ တနေရာရာကနေ ငွေမြန်မြန် မချေးနိုင်ရင်တော့ ကုမ္မဏီ ဒေဝါလီခံရမယ့် အခြေအနေရောက်နေပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG