သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ၀န်ကြီးများ ကြံ့ဖွံ့ပါတီဝင်ပြီး ရွေးကောက်ပွဲ ၀င်ကြမည်


မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ အတွက် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ အစိုးရအရာရှိ တော်တော်များများက မှတ်ပုံတင်လိုက်ကြပါပြီ။

စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီ တခု အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး မှတ်ပုံတင်ခဲ့သလို ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ အတူ တခြား ၀န်ကြီးနဲ့ ဒု-၀န်ကြီး ၂၅ ဦးတို့က ဒီပါတီမှာ ဦးဆောင်ပါဝင်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာ့အသံက ဒီနေ့မှာပဲ ကြေညာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေ စစ်ဘက်ဆိုင်ရာ ရာထူးတွေကနေ အရပ်ဘက် တာဝန်တွေကို ပြောင်းလဲ ရယူလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို စစ်အစိုးရ အာဏာပိုင်တွေဘက်က ပြင်ဆင်မှုတွေ ရှိနေပေမဲ့လည်း ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်တွင်း ပြည်ပက ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG