သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားတွေအတွက် မြန်မာနိုင်ငံ ဆိုက်ရောက်ဗီဇာ ပေးပြီ


မြန်မာနိုင်ငံကို လာကြတဲ့ နိုင်ငံခြားသားတွေကို ကန့်သတ်ချက်နဲ့ ဘောင်ဝင်ရင် ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေပါပြီ။ မေလဆန်းကစပြီး ထုတ်ပေးနေတဲ့ ဆိုက်ရောက် ကမ္ဘာလှည့်ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၃၀ ပေးရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ၂၈ ရက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေထိုင်ခွင့်ကို သက်တမ်းတိုးခွင့် မရှိပါဘူး။

အကယ်၍ ဆိုက်ရောက် လုပ်ငန်းဗီဇာ လျှောက်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၄၀ ကျပါလိမ့်မယ်။ ဒီအတွက် နေထိုင်ခွင့် ရက်ပေါင်း ၇၀ ရမှာဖြစ်ပြီး နေထိုင်ခွင့်ကိုလည်း သက်တမ်းတိုးခွင့် ရှိပါတယ်။

နောက်ထပ် ဆိုက်ရောက်ဗီဇာ တမျိုးဖြစ်တဲ့ ပြည်ဝင်ဗီဇာအတွက် ဆိုရင်တော့ ဗီဇာကြေး ၁၈ ဒေါ်လာ ပေးရမှာဖြစ်ပြီး ၂၄ နာရီ နေထိုင်ခွင့် ရှိပါတယ်။ အသက် ၇ နှစ်အောက် ကလေးတွေကို ဗီဇာကြေးမယူဘဲ ဗီဇာပေးမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာ လျှောက်ချင်သူတွေ အနေနဲ့ အနည်းဆုံး သက်တမ်း ၆ လရှိတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်ရမှာဖြစ်ပြီး အပြန်လက်မှတ် ပြနိုင်သူ ဖြစ်ရမယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗီဇာ လျှောက်လွှာတွေကိုတော့ လေကြောင်းလိုင်းတွေဆီမှာ ရနိုင်သလို အွန်လိုင်းပေါ်ကနေလည်း ကြိုတင် ရနိုင်တယ်လို့ ပြောပါတယ်။

အခုလို ဆိုက်ရောက်ဗီဇာတွေ မြန်မာနိုင်ငံမှာ စတင် ထုတ်ပေးလာနေတဲ့အတွက် ကမ္ဘာလှည့် ခရီးသွားတွေ ပိုပြီး အလာများလာမယ်လို့ ပြည်တွင်းက ခရီးသွား လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG