သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုမွေးနေ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ်


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ဖျက်သိမ်းခံရမယ့် အခြေအနေမှာ ကြုံနေရတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီနေ့ နောက်ဆုံးအဖြစ် ပါတီရုံးချုပ်မှာ အခမ်းအနားတခု စုဝေး ကျင်းပခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၁၉ ရက်နေ့ ကျရောက်မယ့် မွေးနေ့ပွဲကို ကြိုတင် ကျင်းပရင်း စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနား အတွင်းမှာတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကိုတော့ NLD ပါတီဝင်တွေ သာမက အမေရိကန်သံရုံး အပါအဝင် ရန်ကုန်အခြေစိုက် သံတမန်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

စစ်အစိုးရက ဒီနှစ် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ နိုင်ငံရေး ပါတီတွေကို မှတ်ပုံတင်ရမယ့် ရက်ကို မနက်ဖြန် နောက်ဆုံးထား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ NLD ပါတီကတော့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီး မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်တာမျိုး မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကတော့ အားလုံး ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့် မြန်မာစစ်အစိုးရကို အရေးယူ ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်သွားဖို့ အထက်လွှတ်တော်မှာ ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG