သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ခ် ကားဗုံးမှု အမေရိကန် သံအမတ် ပါကစ္စတန် တာဝန်ရှိသူတွေနဲ့ တိုင်ပင်


နယူးယောက်ခ်မြို့ တိုင်းမ်စ်ကွဲ (Times Square) မှာ ကားထောင်ဗုံးနဲ့ ဗုံးခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်ဖွား၊ အမေရိကန် နိုင်ငံသား ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) ဟာ ပါကစ္စတန်မှာ ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ၊ ဘယ်လိုမျိုး သြဇာလွှမ်းမိုးမှုတွေ ခံခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ပါကစ္စတန် အာဏာပိုင်တွေနဲ့ စကားပြောနေပါတယ်။

ပါကစ္စတန်ဆိုင်ရာ အမေရိကန် သံအမတ် အမ်းမ် ဟက်ဒါဆန်ဟာ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီ (Yousaf Raza Gillani) နဲ့ စကားပြောနေပြီ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လီ (P.J Corwley) က ပြောခဲ့ပါတယ်။

မစ္စတာ ရှာဇတ်ဒ်ဟာ ပါကစ္စတန်မှာ နေတုန်းက ဘာလုပ်ကိုင်ခဲ့သလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယ်ခဲ့သလဲ ဆိုတာကိုလည်း မေးမြန်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မနေ့တုန်းကတော့ ပါကစ္စတန် အခြေစိုက် တာလီဘန် သူပုန်အဖွဲ့က သူတို့ဟာ မစ္စတာ ရှာဇတ်ဒ်နဲ့ ဆက်စပ်မှု မရှိဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန်မှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ အကြမ်းဖက် သမားတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပိုမို ထိထိမိမိ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရသူ ဂျော့ချ် မော်ရဲလ် (Geoff Morrell) က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG