မေလ ၆ ရက်နေ့နောက်ပိုင်း နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့် ကုန်ဆုံးဖို့ရှိတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရှေ့ရှုဆောင်ရွက်သွားဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်သူ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအပေါ် သဘောထား က ဘယ်လိုရှိသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။