သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပစ်ခတ်မှု ရဲတဦး သေဆုံး


ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့မှာ မနေ့ညက အကြမ်းဖက် အဓိကရုဏ်းတွေ ထပ်မံဖြစ်ပွားခဲ့လို့ ရဲသားတဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့လယ်က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ နီးကပ်စွာ ရှေ့မတိုးနောက်မဆုတ်နိုင်ဘဲ စတည်းချထားတဲ့နေရာမှာ ကားမောင်းရင်း ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ တခုပြီးတခု ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အစိုးရနဲ့ ဆန္ဒပြသူတွေဟာ ရင်ကြားစေ့ရေး သဘောတူညီချက်မှာ ပါမယ့် အချက်အချို့အတွက် အချေအတင် ဖြစ်နေကြ ချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာပါ။ ဆန္ဒပြခဲ့တဲ့ မတ်လမှာ ကတည်းကဆိုရင် ဆန္ဒပြသူ နဲ့ လုံခြုံရေး တပ် နှစ်ဘက်လုံးက လူပေါင်း အနည်းဆုံး ၂၈ ယောက် သေဆုံးခဲ့ပြီးပါပြီ။

တကယ်လို့ ဆန္ဒပြနေတဲ့နေရာကနေ မရုပ်သိမ်းဘူးဆိုရင် ကမ်းလှမ်းထားသလို ရွေးကောက်ပွဲကို စောစောကျင်းပမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အဘီစစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) က ကြာသပတေးနေ့က ဆန္ဒပြသူတွေကို သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG