သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်တိုက်ခိုက်မှု လူ ၁၀၀ ကျော် သေဆုံး


အီရတ်နိုင်ငံတ၀န်းမှာ တနင်္လာနေ့က လူပေါင်း ၁၀၀ ကျော် သေကျေစေခဲ့တဲ့ ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာမို့ ဒီနှစ်အတွက် အဆိုးဝါးဆုံး အကြမ်းဖက်မှု ဖြစ်ပွားတဲ့နေ့ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေဟာ ချည်မျှင်နဲ့ အထည်စက်ရုံတွေ၊ ဈေးနဲ့ စစ်ဆေးရေး ဂိတ်တွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၃၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့တောင်ဘက် မိုင် ၆၀ အကွာက ဟေလာမြို့မှာ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ ဟေလာမြို့က ချည်မျှင်နဲ့ အထည်စက်ရုံ အပြင်ဘက် ပေါက်ကွဲမှုတွေကြောင့် ၄၅ ဦးထက်မနည်း သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့မှာ ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရပါတယ်။ ဈေးထဲမှာ ဗုံးတလုံးထက် မနည်းလည်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့မှာတော့ စစ်ဆေးရေးဂိတ်တွေမှာ ရှိတဲ့ အီရတ် စစ်သားတွေနဲ့ ရဲတွေကို သေနတ်သမားတွေက ၀င်ရောက် ပစ်ခတ်ခဲ့တာမို့ ၇ ဦး သေဆုံးခဲ့ရပါတယ်။

ဘဂ္ဂဒက်တောင်ဘက် မိုင် ၃၀ အကွာလောက်က ဆူဝါရာမြို့မှာတော့ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG