သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ရွေးကောက်ပွဲ Aquino အပြတ်အသတ် အနိုင်ရဖွယ်ရှိ

<!-- IMAGE -->

ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ်ကို အကုန်မသိရသေးပေမဲ့ အခုချိန်ထိ သိရတဲ့ စာရင်း ဇယားတွေအရ အထက်လွှတ်တော်အမတ် ဘန်နီနို အကွီနို (Benigno Aquino) ဟာ သမ္မတ ရာထူးအတွက် အပြတ်အသတ် အနိုင်ရနေတာကို တွေ့ရပါတယ်။

မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၅၇% က စာရင်းတွေအရ လွှတ်တော်အမတ် အကွီနိုဟာ မဲအားလုံးရဲ့ ၄၁% ရနေတယ်လို့ ဖိလစ်ပိုင် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။ သူ့ပြိုင်ဘက်တဦး ဖြစ်တဲ့ အရင်သမ္မတဟောင်း ဂျိုးဇက်ဖ် အစ္စတြာဒါ (Joseph Estrada) ကတော့ ၂၆% ပဲ ရပါတယ်။

သမ္မတ ဂလိုရီယာ အာရိုယို (Gloria Arroyo) လက်ထက် ၉ နှစ်တာ ကာလအတွင်း အစိုးရပိုင်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်မယ်လို့ မစ္စတာ အကွီနိုက မဲဆွယ်ရာမှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ အကွီနိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လူကြိုက်များတဲ့ ဒီမိုကရေစီ ပြယုဂ် ခေါင်းဆောင် ၂ ဦးရဲ့သား ဖြစ်ပါတယ်။

လွှတ်တော်ကနေ မြူနီစီပယ်ကောင်စီအထိ ရာထူးနေရာပေါင်း ၁၈,၀၀၀ လောက်အပြင် သမ္မတသစ်အတွက်ပါ ရွေးချယ်တဲ့ ဒီရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့်ရှိတဲ့ ဖိလစ်ပိုင်ပြည်သူ သန်း ၅၀ ထဲက ၇၅% မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ဒီတခါရွေးကောက်ပွဲအတွက် ပထမဆုံး ကွန်ပျူတာ စနစ်သုံး မဲရေတွက်စက် ၇၆,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ တချို့နေရာတွေမှာ စက်ပျက်တာနဲ့ ကြုံရတာမို့ မဲပေးဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာမျိုး ရှိနေတယ်လို့လည်း ပြောပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG