ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေး Mr. Kurt Campbell မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကြောင့် မြန်မာနိုင်ငံရေးနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ထူးခြားသိသာတဲ့ တိုးတက်မှုတွေ ရှိနိုင်မှာ မဟုတ်ဘူးဆိုပြီး မြန်မာ့နိုင်ငံရေး အကဲခတ်သူတချို့က ဝေဖန်ကြပါတယ်။ တချိန်တည်းမှာ ဒီ ခရီးစဉ်ဟာ အကျိုးရှိတဲ့ ခရီးစဉ်တခု ဖြစ်တဲ့အကြောင်းနဲ့ အချည်းနှီး မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ Mr. Kurt Campbell ရဲ့ ခရီးစဉ်အပေါ် ဝေဖန်သုံးသပ်ချက်တွေအကြောင်း မညိုညိုလွင်က တင်ပြထားပါတယ်။