အခုတပါတ် အနုပညာမိုးကောင်းကင်မှာတော့ အနုပညာဟာ ပြည်သူ့အတွက်ဆိုတဲ့ အယူအဆကို ကိုင်ဆွဲထားသူ စာရေး ဆရာဒဂုန်တာရာနဲ့ ကိုကျော်အောင်လွင် ဆက်သွယ်မေးမြန်းခန်းကို ကြားရမှာပါ။ ဆရာဒဂုန်တာရာဟာ အခုအသက် ၉၁နှစ် ရှိပြီဖြစ်ပြီး စာပေဖန်တီးမှုတွေကိုလည်း အခုချိန်ထိလုပ်နေတဲ့သူပါ။ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ စာပေလှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ အနုပညာနဲ့ နိုင်ငံရေး တွဲဖက်ထားတဲ့ ဆရာဒဂုန်တာရာရဲ့အမြင်တွေကိုနားဆင်ကြရမှာပါ။ >