သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆောင်ရွက်နေမှု အခန်းကဏ္ဍ


အကျိုးရလဒ် တစုံတရာ ရဖို့မရှိဘူးဆိုရင် မြန်မာပြည်ကို ဒုတိယအကြိမ်သွားဖို့ လိုချင်မှလိုလိမ့်မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန် (Ban Ki-moon) က သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ရဲ့ မြန်မာပြည်ခရီးစဉ်က အကျိုးအမြတ်မရှိပဲ သက်သက်အချိန်ဖြုန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဝေဖန်ခဲ့သလို၊ သူ့အနေနဲ့ မြန်မာစစ်အစိုးရဖက်လိုက် အကျိုးဆောင် လုပ်ဆောင်နေ တယ်လို့ အတိုက်အခံအင်အားစုများကလည်း ဝေဖန်သုံးသပ်ခဲ့ပါတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆောင်ရွက်နေမှု အခန်းကဏ္ဍကိုလည်း ဘက်ပေါင်းစုံမှ စမ်းစစ်မှုအမျိုးမျိုးနဲ့ သုံးသပ်စောင့်ကြည့် လျှက်ရှိနေပါတယ်။ ဒီအကြောင်းအရာဆိုင်ရာကို ပိုမိုသိရှိနိုင်ဖို့ ကုလသမဂ္ဂ နဲ့ မြန်မာ့အရေးကို လေ့လာနေသူ အမေရိကန်နိုင်ငံအခြေစိုက် Kuki International Forum (www.kukiforum.com) အဖွဲ့ အတွင်းရေးမှုး Nehginpao Kipgen ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG