Asia Times Online သတင်း အင်တာနက်စာမျက်နှာမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့  မအောင်မြင်တဲ့ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှု (Myanmar's failed non-violent opposition) ဆောင်းပါးဟာ မြန်မာအတိုက်အခံများကြားမှာ အတော်လေး ဂယက်ရိုက် သွားခဲ့ပါတယ်။ အာရှဒေသအတွင်း နိုင်ငံရေးလေ့လာသူ နဲ့ အလွတ်သတင်းထောက်တဦးဖြစ်သူ Norman Robespierre က မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ ရှေ့တန်းတင် ကျင့်သုံးနေကြတဲ့ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှု မဟာဗျူဟာ ဟာ အနှစ် ၂၀ အတွင်း လုံးလုံးအရာမထင်ခဲ့ကြောင်း၊ အကြမ်းမဖက် လှုပ်ရှားမှုကြောင့် စစ်တပ် နဲ့ စစ်တပ်နောက်လိုက် စွမ်းအားရှင် တို့ကိုသာ ပိုမိုအင်အားကြီးလာစေခဲ့ကြောင်း နဲ့ မြန်မာအတိုက်အခံများ အနေနဲ့ ဘက်ပေါင်းစုံ နည်းမျိုးစုံသုံး ဆောာင်ရွက်ဖို့လိုကြောင်း သုံးသပ် တင်ပြထားပါတယ်။ ဒီ ဆောင်ပါးနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသူတဦးဖြစ်သူ ဦးဘိုဘိုကျော်ငြိမ်း ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မေးမြန်းတင်ပြထားပါတယ်။