နိုဝင်္ဘာလ ၄ ရက်နေ့မှာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ပြည်နယ်အသီးသီးမှာ ကျင်းပကြပါမယ်။ သမ္မတလောင်းများအဖြစ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘာရက် အိုဘားမား အကြိုတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။ ဒီ သမ္မတရွေးကောက်ပွဲမှာ ပြည်တွင်းစီးပွားရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ၀င်ငွေခွန် စည်းကြပ်မှု၊ အီရတ်စစ်ပွဲ အဆုံးသတ်ရေး စသည်တို့က အဓိက အကြောင်းရပ်ကြီးများ ဖြစ်နေပေမဲ့ အာဏာရရှိလာမဲ့ သမ္မတဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ဒီမိုကရေစီရေးရာ နဲ့ လူ့အခွင့်အရေးအရာတွေမှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းလုပ်ကိုင်မလဲဆိုတဲ့ အချက်က မြန်မာနိုင်ငံသားများအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေရဲ့  သဘောထား ပါဝင်နိုင်မှု အနေအထားတွေကို မြန်မာဒီမိုကရေစီ ဦးဆောင်လှုပ်ရှားနေသူတွေဖြစ်တဲ့ ဦးမိုးသီးဇွန် နဲ့ ဦးမြတ်စိုး တို့ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မေးမြန်းတင်ပြထားပါတယ်။