သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်ခုန်သံသွေးလှုရှင်အသင်းမှ ဦးစီးကျင်းပသော တတိယအကြိမ်မြောက်


ရင်ခုန်သံသွေးလှုရှင်အသင်းမှ ဦးစီးကျင်းပသော တတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို၁၁.၈.၀၇(စနေနေ့)၊ နံနက် ၉နာရီမှ နေ့လည် ၁နာရီအထိ Myanmar Info-tech (conference hall)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသားသွေးလှုဘဏ်မှ တာဝန်ခံ ဒေါက်တာ ဒေါ်သီတာအောင်က ဧည့်သည်များနှင့်လာရောက်လှူဒါန်းသော သွေးလှူရှင်များအား သွေးလှူခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်အလက်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကြော်ငြာနှင့်ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ချစ်သုဝေက ရင်ခုန်သံသွေးလှူအသင်းမှ ပထမအကြိမ်သွေးလှူဒါန်းပွဲတွင် သွေးလှူခဲ့သော သူမ၏ပီတီခံစားမှုကို ပရိသတ်များအား ပြောပြခဲ့သည်။ သွေးလှူဒါန်းပွဲတွင် အနုပညာရှင်များဖြစ်ကြသော စိုင်းစိုင်း၊ ရေပက္ကာဝင်း၊ ချစ်သုဝေ၊ ဇေဇေ၊စိုးသူရနှင့်ဇော်ဌေး( Too Big) ၊ လိုတ၊ မိုးဟေမန်ခင်တို့က သွေးလှူရှင်များအား လာရောက် အားပေးခဲ့ကြပါသည်။ လာရောက်သွေးလှူဒါန်းသော သွေးလှူရှင်ပေါင်း ၁၁၁ ရှိပြီး သွေးအိတ်ပေါင်း ၆၁ အိတ် လက်ခံရရှိခဲ့ကြောင်း သိရပါသည်။ ရင်ခုန်သံသွေးလှူဒါန်းပွဲ၏ ပထမဆုံးအကြိမ်နှင့် ဒုတိယအကြိမ်သွေးလှူပွဲကို Inforithm-Maze Ltd ရုံး လပြည့်ဝန်းပလာဇာ၁၀ထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂လတစ်ကြိမ်ပြုလုပ်သော သွေးလှူဒါန်းပွဲကို လာမည့် အောက်တိုဘာတွင် လပြည့်ဝန်းပလာဇာတွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ရင်ခုန်သံ သွေးလှူရှင်အသင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို http://www.myanmarblooddonation.com၀က်ဆိုဒ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

XS
SM
MD
LG