သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ပါ လှေတစင်းပျောက်ဆုံးနေ


 ရိုဟင်ဂျာ ၁၈၀ ပါစက်လှေထွက်ခွါရာဘင်္ဂလားဒေ့ရှ်၊ Teknaf ကမ်းခြေ၊ မတ် ၉ ၊ ၂၀၂၃
ရိုဟင်ဂျာ ၁၈၀ ပါစက်လှေထွက်ခွါရာဘင်္ဂလားဒေ့ရှ်၊ Teknaf ကမ်းခြေ၊ မတ် ၉ ၊ ၂၀၂၃

အင်ဒိုနီးရှားကိုဦးတည်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဒီဇင်ဘာ ၁ ရက်နေ့က ထွက်ခွါလာတဲ့ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ပါလှေတစ်စင်းပျောက်ဆုံးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ အကြမ်းဖက်တာတွေ များလာတာကြောင့် ထွက်ပြေးလာကြတဲ့ရင်ခွင်ပိုက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကြောက်ရွံနေတဲ့ ကလေးတွေ လှေပေါ်မှာပါကြတယ်လို့ အဲဒီလှေပေါ်ပါသူတွေကို မေးမြန်းခဲ့တဲ့အင်တာဗျူးတွေ၊ ဗွီဒီယိုတွေနဲ့ အသံသွင်းခဲ့တဲ့ ပြောဆိုချက်တွေကိုအခြေခံပြီး အေပီသတင်းကပြောတာပါ။ လှေ‌ပေါ်ပါသူတချို့ ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ ကိုယ့် အိမ်ထောင်ဖက် နဲ့ ပြန်ဆုံနိုင်ဖို့ လိုက်ပါလာကြသူတွေ ဖြစ်ကြပါတယ်။

မနှစ်တုန်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၃၅၀၀ ကျော်ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ အာဒမန်ပင်လယ်ပြင် ကိုဖြတ်ကူးခဲ့ကြတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဒီအထဲကအနည်းဆုံး ၃၄၈ ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် ဒီအရေအတွက်က အမြင့်မားဆုံးပျောက်နေတဲ့ အရေအတွက်ဖြစ်ပါတယ်။
မကြာခင်လတွေအတွင်း ရိုဟင်ဂျာလှေတွေရဲ့ နေရာကိုသိတဲ့အခါရေကြောင်းသွားလာနေတဲ့ သင်္ဘောတွေကို ကယ်ဆယ်ဖို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကမေတ္တာရပ်ခံပေမဲ့ မကယ်တင်ခဲ့ကြပါဘူး။ ဒီအရင်တုန်းကတော့ပင်လယ်ပြင်ရှိတဲ့နိုင်ငံတွေဟာ ဒုက္ခသည်လှေတွေကို ရှာဖွေခဲ့တာတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် တွေ့တဲ့အခါမှာလည်း ပင်လယ်ထဲပဲ ပြန်သွားခိုင်းခဲ့ကြတာပါ။

နောက်ပိုင်းမှာတော့ အဲဒီလို ရှာဖွေတာကို မရှိတော့ဘူးလို့ ရိုဟင်ဂျာအကျပ်အတည်းကိုစောင့်ကြည့်နေတဲ့ ရခိုင်စီမံချက်အဖွဲ့က ညွှန်ကြားရေးမှူး Chris Lewa ကဆိုပါတယ်။ ကံကောင်းသူတွေကတော့ တံငါလှေနဲ့ တွေ့ပြီးကမ်းကိုဆွဲလာတဲ့တဲ့အတွက် အင်ဒိုနီးရှားကိုရောက်သွားခဲ့ကြပါတယ်။ ဗီယက်နမ်ရေနံတင် သင်္ဘောတစ်စင်းက တွေ့တဲ့အခါမှာတော့ လူမျိုးသုဉ်းသတ်ဖြတ်တာကြောင့်လို့ စွပ်စွဲခံထားရတဲ့ မြန်မာပြည်က ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည်တွေကို အာဏာသိမ်းစစ်ကောင်စီလက်ထဲ ပြန်အပ်လိုက်တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG