သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ချွန်ဘူရီခရိုင်မှာ မြန်မာအများစုပါတဲ့ ယာဉ်တိုက်မှု ၈ ဦးထက်မနည်းသေဆုံး


မြန်မာအလုပ်သမားများပါတဲ့ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ယာဉ်တိုက်မှု
မြန်မာအလုပ်သမားများပါတဲ့ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ယာဉ်တိုက်မှု

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက ဖတ်ထရာအဝင် အဝေးပြေးလမ်းမပေါ်မှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားက တခြားကားတစီးကို တိုက်မိလို့ ဒီကနေ့ သေဆုံးသူ ၈ ဦးထက်မနည်း ရှိသွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ မင်မြို့၊ နောင်ခမ့်ခေါ့ကျေးရွာ အုပ်စု ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အများစုပါတဲ့ကားဟာ၊ ရှေ့ကတွဲကားကြီးတစင်းကို ဝင်တိုက်ခဲ့တာပါ။ အလုပ်သမား ၁၆ ယောက်ပါပြီး၊ သူတို့ဟာ အလုပ်သမား လက္မွတ် သက်တမ်းတိုးဖို့အတွက် ကျန်ထဘူရီမြို့ကို သွားနေတဲ့အချိန် ချွန်ဘူရီ အဝေးပြေးလမ်းမပေါ်မှာ အခုလို ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသူတွေ ရှိသလို ကျန်တဲ့သူ အားလုံးလည်း အရေးပေါ်ဌာနမှာ ကုသမှုခံနေရပါတယ်။ အခုဆိုရင် သေဆုံးသူ ၈ ဦးအထိ ရှိသွားပြီလို့ ချွန်ဘူရီအခြေစိုက် Foundation For Aids Rights – FAR အလုပ်သမားအဖွဲ့က အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တာဝန်ခံ နန်းသန္တာထွန်းက အခုလို ပြောပြပါတယ်။

"မနက်ကတည်းက တိုက်မိကတည်းက ၅ ယောက်သေတယ်။ လောလောဆည် လမ်းကဆိုးနေတော့ သေတဲ့သူက ၈ ယောက်ထိ ရှိလာပြီ၊ တိုက်မိတဲ့လူတွေကို ချွန်ဘူရီဆေရုံတရုံထဲမှာ ၃ ရုံ ၄ ရုံလောက်မှာ ဖြန့်ပြီးထားတယ်။ သေတဲ့အထဲမှာ ကိုယ်ဝန်အောင်အမျိုးသမီးတဦးပါတယ်။ ကားထဲမှာ ၁၆ ယောက်ပါတယ်။ မနက်ပိုင်းကပဲ ၅ ယောက်ဆုံးတယ်။ ဆေးရုံကို ၁၁ ယောက် ပို့ထားတာ အခုဆိုရင် သေတဲ့သူ ၈ ယောက် ရှိသွားပြီ။

လက်ရှိမှာတော့ မြန်မာနဲ့ ကမ္ဘောဒီးယားတွေထဲက ဘယ်နိုင်ငံ ဘယ်နှစ်ဦး သေဆုံးသွားသလဲဆိုတာတော့ သေချာ မသိရေသးဘူးလို့လည်း သူက ပြောပါတယ်။

"အခြေအနေဆိုးတယ်။ တချို့က မျက်နှာမှာဒဏ်ရာရတယ်။ တချို့က ခြေထောက်တွေဆို လည်ထွက်သွားတယ်။ ဟိုဘက် ဒီဘက်တွေ ဖြစ်ကုန်တယ်။ ဒဏ်ရာတွေက အတော်ကြီးတယ်။ ကားသမားက အိပ်ငိုက်တယ် ထင်တယ်။ သူတို့ရှေ့က တွဲကား ၁၀ဘီး ကားနောက်ကို သူတို့သွားတိုက်တာပါ။ ကမ္ဘောဒီယားတွေလည်း ပါတယ်။ ပစ္စည်းတွေက ရဲက ယူသွားတော့ အတည်ပြုလို့မရသေးဘူး။ စစ်ဆေးနေတုန်းပေါ့။ ကမ္ဘောဒီးယားနဲ့ မြန်မာ တဝက်စီလောက်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအဝင် လူ ၈ ဦးသေဆုံးတယ်လို့ ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပြောပါတယ်။ ကားတိုက်မိချိန်က မနက် ၆ နာရီကျော် ဝန်းကျင်လောက်ဖြစ်ပြီး၊ လက်ရှိမှာတော့ ကားပေါ်ပါလာသူ အားလုံး ဆေးရုံ ၄ ခုမှာ အရေးပေါ် ကုသမှု ခံရယူနေရပါတယ်။

==== Unicode =====







XS
SM
MD
LG