သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sierra Leone မှာ အီဘိုလာကြောင့် ၄ ယောက်မြောက် ဆရာဝန်သေဆုံး


လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ်အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်။
လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ်အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်။

Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေဆုံးသွားပါတယ်။ အဲဒီဆရာဝန်ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်းချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နှစ်မြုှပ်ထားသူ ဖြစ်ပါတယ်။

Freetown မှာတည်ရှိတဲ့ Lumley ဆေးရုံရဲ့ အကြီးအကဲဖြစ်သူ Dr. Olivette Buck ဟာ ရောဂါကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့အပြီး ၅ ရက်အကြာ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ သူမကို ဂျာမနီနိုင်ငံမှာ ဆေးဝါးကုသခံယူဖို့ ရွေ့ပြောင်းပေးဖို့ မဖြစ်နိုင်လောက်အောင် ရောဂါပြင်းထန်နေခဲ့တယ်လို့ ဆိုပါတယ်။

အီဘိုလာရောဂါကို တိုက်ဖျက်ဖို့ ရည်ရွယ်သံန္နိဌာန်ချထားသူ ဆေးပညာရှင်တဦး ဆုံးရှုံးသွားရတဲ့အပေါ် ဆီယာရာလီယွန်း ကျန်းမာရေးရေးဝန်ကြီးဌာန အနေနဲ့ လွန်စွာမှာ နှမျော ပူဆွေးသောကရောက်ရတဲ့အကြောင်း ပြင်သစ်သတင်းဌာနကို ဆီယာရာလီယွန်းနိုင်ငံရဲ့ ကျန်းမာရေးဌာန အကြီးအကဲ Brima Karagbo က ပြောဆိုပါတယ်။

အိမ်နီးချင်း လိုက်ဘေးရီးယားနိုင်ငံမှာတော့ တိုင်းပြည်အတွင်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ အီဘိုလာရောဂါ ဖြစ်ပွားနေမှုကို အကူညီပေးဖို့ နိုင်ငံကို ပြန်လာခဲ့ကြဖို့ အမိန့်ပေးထားတာကို ငြင်းဆန်နေကြတဲ့ ထိပ်တန်းအစိုးရတာဝန်ရှိသူ ၁၀ ယောက်ကို သမ္မတ Ellen Johnson Sirleaf က အလုပ်ကနေ ထုတ်ပယ် ပစ်လိုက်ပါတယ်။

လိုက်ဘေးရီးယား ဂီနီနဲ့ ဆီယာရာလီယွန်းနိုင်ငံတို့ဟာ အာဖရိကအနောက်ပိုင်းမှာ အီဘိုလာရောဂါကို အဆိုးရွားဆုံး ခံစားနေကြရပြီး အခုဆိုရင် သေဆုံးသူ အရေတွက်ဟာ ၂၄၀၀ ကျော်သွားပါပြီ။

XS
SM
MD
LG