သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေဒင်ပင်လယ်မှာ သင်္ဘောတိုက်ခိုက်ခံရမှု ဟူသီသူပုန်လက်ချက်အဖြစ် သံသယရှိ


အေဒင်ပင်လယ်ကွေ့
အေဒင်ပင်လယ်ကွေ့

အေဒင်ပင်လယ်ကွေ့က သင်္ဘောတစီးအနီး ဒီကနေ့ အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေ လက်ချက်လို့ ယူဆရနေကြပါတယ်။ ပင်လယ်နီဒေသနဲ့ ဆက်နေတဲ့ ကုန်သွယ်ရေးမှာအရေးပါတဲ့ ရေလမ်းကြောင်းမှာ ဒါဟာ နောက်ဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

သင်္ဘောဟာ ယီမင်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ အေဒင်ကို ဖြတ်သန်းချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဗြိတိန်ရေတပ်ရဲ့ ရေကြောင်းကုန်သွယ်ရေးစင်တာက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သင်္ဘောကို ထိခိုက်မှုမရှိသလို သင်္ဘောသားတွေလည်း ဘေးကင်းတယ်လို့ သတင်းရရှိထားကြောင်း ဗြိတိန်ရေတပ်က ပြောပါတယ်။

ဟူသီသူပုန်တွေဟာ ယီမင်တောင်ပိုင်း ပင်လယ်ရေကြောင်းတဝိုက်မှာ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေကြောင့် အေဒင်ပင်လယ်ကွေ့ကတဆင့် သွားနေတဲ့ လောင်စာနဲ့ ကုန်တင်သင်္ဘောတွေ အခက်အခဲ ကြုံနေရတာပါ။

တနင်္ဂနွေနေ့က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဟူသီတွေဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။ ပုံမှန်အားဖြင့်လည်း ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဟူသီသူပုန်တွေဘက်က အချိန်ယူတုံ့ပြန်လေ့ ရှိပါတယ်။

Forum

XS
SM
MD
LG