သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းအကြမ်းဖက်သမား အိန္ဒိယသေဒဏ်စီရင်

၂၀၀၈ ခုနှစ်က မွမ်ဘိုင်း မြေအောက်ရထား ဘူတာရုံမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ပါကစ္စတန်နိုင်ငံသား Ajmal Kasab
၂၀၀၈ ခုနှစ်က မွမ်ဘိုင်း မြေအောက်ရထား ဘူတာရုံမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ပါကစ္စတန်နိုင်ငံသား Ajmal Kasab
၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လူ ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေထဲက တဦးတည်းသော အသက်ရှင်သန် ကျန်ရစ်သူကို အိန္ဒိယနိုင်ငံက သေဒဏ်စီရင်လိုက်ပြီဖြစ်ပါတယ်။

Mohammad Ajmal Kasab ကို မွမ်ဘိုင်းမြို့နားက Pune အကျဉ်းထောင်မှာ ဗုဒ္ဓဟူးနေ့က ကြိုးပေး ကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။

အခုလို ကြိုးပေး ကွပ်မျက်လိုက်တာဟာ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကို အမှတ်တရ ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ မွမ်ဘိုင်းမြို့တည်ရှိတဲ့ မဟာရတ်ရှ်ထရာပြည်နယ် ပြည်ထဲရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံသားဖြစ်သူ Kasab အပေါ် လူသတ်မှု၊ အကြမ်းဖက်မှု၊ အိန္ဒိယနိုင်ငံအပေါ် စစ်ပွဲဆင် တိုက်ခိုက်မှုတွေနဲ့ ၂၀၁၀ ပြည့်နှစ်က စွဲချက်တင်ပြီး ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူက အပြစ်မရှိဘူးလို့ ငြင်းခဲ့ပြီး နောက်ပိုင်းကျမှ သုံးရက်ကြာ စီးနင်းတိုက်ခိုက်မှုမှာ သူပါဝင်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

သေဒဏ်ကို သူက အယူခံဝင်ခဲ့ပေမဲ့ အိန္ဒိယ တရားလွှတ်တော်ချုပ်က အတည်ပြုခဲ့သလို သမ္မတကလည်း သူ့ရဲ့ အသနားခံလွှာ ကို ပယ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG