သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာမြို့ မြန်မာသံရုံး ဗုံးခွဲရန်ကြံသူ ထောင်ဒဏ်


အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေကို ဖမ်းမိပြီးနောက် လုံခြုံရေးယူပေးနေကြသော အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်များကို မြန်မာသံရုံးရှေ့မှာ တွေ့ရပုံ။ (မေ ၃၊ ၂၀၁၃)
အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေကို ဖမ်းမိပြီးနောက် လုံခြုံရေးယူပေးနေကြသော အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်များကို မြန်မာသံရုံးရှေ့မှာ တွေ့ရပုံ။ (မေ ၃၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဘာသာရေးအစွန်းရောက်သူတဦးကို အင်ဒိုနီးရှားတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အချ်မက် တောင်ဖစ်ဂ် (Achmad Taufig) ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံမဲ့ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံတယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်ကာ မေလအတွင်း ဂျကာတာမှာ ရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ သူတွေထဲက တဦးဖြစ်ပြီး အဲဒီလူတွေကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြင်သစ်သတင်းဌာန AFP ကို ကိုးကားပြီး Channel News Asia သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒီလူဟာ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ အိမ်လုပ်ဗုံးတွေ အပြည့်ပါတဲ့ ကျောပိုးအိပ်ကိုလွယ်ပြီး နောက်ထပ် တခြား စစ်သွေးကြွတယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးရဲ့နောက်မှာ ထိုင်ပြီးလိုက်လာချိန်မှာ အင်ဒိုနီးရှားရဲက ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်ဖို့အတွက် အသက် ၂၂ နှစ် အရွယ်ရှိတဲ့ အချ်မက် တောင်ဖစ်ဂ်ကို တခြားအစွန်းရောက် စစ်သွေးကြွ သမားတွေက ကူညီပြီးတော့ ပိုက်နဲ့လုပ်ထားတဲ့ ဗုံးတွေ ပြုလုပ်ပေးခဲ့တယ်လို့ သူက ထွက်ဆိုတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့အခုလိုလုပ်ဆောင်မှုဟာ အစိုးရရဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနေမှု အပေါ် ထိပါးရာရောက်သလို လူမှုအသိုင်းဝိုင်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်နေတာကို နှောင့်ယှက်ရာရောက်တယ်လို့ ဂျကတာမြို့တောင်ပိုင်းမှာ ရုံးထိုင်တဲ့ တရားရုံးရဲ့ တရားသူကြီးက ပြောဆိုပါတယ်။
XS
SM
MD
LG