သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုသစ် အမေရိကန် ချမှတ်တော့မည်


လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင်း သောကြာနေ့ ဝတ်ပြုပွဲအပြီး ဆီးရီးယားအစိုးရဆန့်ကျင်သူတွေ ကြွေးကြော်သံများ အော်ဟစ်နေစဉ်။ (၀၈၊၁၀၊၁၂။)
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင်း သောကြာနေ့ ဝတ်ပြုပွဲအပြီး ဆီးရီးယားအစိုးရဆန့်ကျင်သူတွေ ကြွေးကြော်သံများ အော်ဟစ်နေစဉ်။ (၀၈၊၁၀၊၁၂။)
ဆီးရီးယားအစိုးရနဲ့ လက်ဘနွန်က ဟစ်ဇဘိုလာအုပ်စုအပါအဝင် သူ့ထောက်ခံသူတွေအပေါ်မှာ အရေးယူ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စု က သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ဆီးရီးယားအစိုးရက ဆီးရီးယားပြည်သူတွေကို ဖိနှိပ်ဖို့ ကြိုးပမ်းနေရာမှာ အထောက်အကူ ပေးနေသူတွေကိုရော ဆီးရီးယားအာဏာပိုင်ကိုပါ ပစ်မှတ် ထားတဲ့ နောက်ထပ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆောင်ရွက် သွားဖို့ ရှိတယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဂါနာနိုင်ငံကို အတူပါသွားတဲ့ အမေရိကန် အရာရှိတဦးက သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

အခု ပစ်မှတ်ထားအရေးယူမယ့် စာရင်းထဲမှာ ဟစ်ဇဘိုလာအုပ်စုကို ထည့်သွင်းထားပါတယ်။ ဟစ်ဇဘိုလာအုပ်စုရဲ့ လုပ်ရပ်တွေဟာ ဆီးရီးယားပြည်သူတွေကို ဖိနှိပ်ဖို့ အကူအညီ ပေးနေ တာကြောင့် ဖြစ်တယ်လို့ အကြမ်းဖက်မှုနဲ့ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနဲ့ ပတ်သက်တဲ့ အမေရိကန် ဘဏ္ဍာရေး ထိပ်တန်းတာဝန်ရှိသူ David S.Cohen က ထောက်ပြ ပြောဆို သွားတာပါ။

အပြစ်မဲ့ ဆီးရီးယားပြည်သုူတွေကို သတ်ဖြတ်မှုတွေမှာ ဟစ်ဇဘိုလာနဲ့ မဟာမိတ် အီရန်တို့ ပတ်သက်ခဲ့တယ် ဆိုတာကို ဆီးရီးယားပြည်သူတွေနဲ့ တကမ္ဘာလုံးက အမှတ်ရနေမှာ ဖြစ်တယ် လို့လည်း David Cohen က ပြောခဲ့ပါတယ်။

ဆီးရီယားနိုင်ငံ၊ အာလက်ပိုမြို့ကို ဆီးရီးယားအစိုးရတပ်တွေကနေ သောကြာနေ့တုန်းက ဗုံးကြဲ တိုက်ခိုက်မှုတွေ ထပ်မံ လုပ်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဘက်က အခုလို ခြေလှမ်း လာတာပါ။ ဆီးရီယား သူပုန်တွေ အဓိက ထိန်းချုပ်ထားရာ အလက်ပိုမြို့ကို ဆီးရီးယား လုံခြုံရေး တပ်တွေက ထိုးစစ် ဆင်နေဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG