သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္နက္ကိုင္တဖြဲ႔တည္းရွိေရး AA သေဘာထား ပဋိပကၡႀကီးထြားႏိုင္ (ALP)


ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔အဖြဲ႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ဒုတိယဥကၠ႒ ေဒၚေစာျမရာဇာလင္းဦးေဆာင္အဖြဲ႔နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြး (ဇြန္ ၁၃၊ ၂၀၂၂/ဓာတ္ပံု-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AA အဖြဲ႔ၾကား စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ AA အဖြဲ႔ကလြဲရင္ တျခားလက္နက္ကိုင္အဖြဲ႔ရွိေနဖို႔မလုိအပ္ဘူးလို႔ မေန႔က AA ဘက္က ေျပာပါတယ္။ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီဘက္ကေတာ့ AA အဖြဲ႔ရဲ႕ ေျပာဆိုခ်က္ေတြကို ျပန္သံုးသပ္ဖို႔ ေျပာထားပါတယ္။ အခုလို တဘက္နဲ႔ တဘက္ အျပန္အလွန္ေျပာဆိုမွုေတြဟာ ရခုိင္လက္နက္ကိုင္အခ်င္းခ်င္းၾကား ပဋိပကၡပိုႀကီးမလာဖို႔ ေဆြးေႏြးေရးလမ္းေၾကာင္းကို ဆက္သြားသင့္တယ္လို႔လည္း ရခိုင္ အေရးကြ်မ္းက်င္သူေတြက ဆိုပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ရခိုင္ျပည္နယ္မွာ ရခိုင္တမ်ိုးသားလံုးေထာက္ခံထားတဲ့ AA အဖြဲ႔ကလြဲၿပီး တျခားလက္နက္ကိုင္အဖြဲ႔ေတြမရွိေစဖို႔ ကာကြယ္ေရးမူဝါဒ ခ်မွတ္လုပ္ေဆာင္ေနတယ္လို႔ မေန႔က သတင္းစာရွင္းလင္းပြဲမွာ AA ေျပာခြင့္ရ ခိုင္သုခက ရခုိင္လို ေျပာသြားပါတယ္။

“ရခိုင္ျပည္နယ္မွာ လက္နက္ကိုင္တပ္ေတြ အမ်ားႀကီးရွိေနလို႔ မရပါ။ ေျပာရရင္ေတာ့ တမ်ိဳးသားလံုးက ေထာက္ခံထားတဲ့ ရခိုင့္တပ္ေတာ္ကလြဲလို႔ ေနာက္ထပ္တပ္ေတြ မလိုအပ္ပါ။ အဲဒါက AA အဖြဲ႔ရဲ႕ ကာကြယ္ေရး မူဝါဒတခုလည္းျဖစ္ပါတယ္” လို႔ ေျပာဆိုသြားပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ အစုိးရနဲ႔ တနိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မွုရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္ေရးထိုးထားတဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP အပါအဝင္ တျခားအဖြဲ႔ေတြလည္း ရွိေနတာပါ။ AA အဖြဲ႔က အခုလို ေျပာဆိုတာကို ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ရဲ႕ ဒုတိယ ဗိုလ္မွဴးႀကီး ခိုင္ေက်ာ္စုိးက ကန္႔ကြက္ပါတယ္။

“ သူတို႔ေျပာတဲ့ စကားကုိ သူတို႔ဆင္ျခင္သံုးသပ္ဖို႔လုိတယ္လို႔ ေျပာခ်င္တယ္။ ဒါႏိုင္ ငံေရး အေတြးအေခၚမရွိ က်ေနာ္တို႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီကေတာ့ ႏို္င္ ငံေရးကို ႏို္င္ငံေရးအရ ေျဖရွင္းရမယ္၊ စားပြဲဝိုင္းမွာ ေျဖရွင္းရမယ္ဆိုတဲ့ အေတြးအေခၚနဲ႔ ျပည္သူကို ဒုကၡမေရာက္ေစခ်င္ဘူး။ NCA လက္မွတ္ထိုးၿပီးေတာ့ စစ္မွန္ တဲ့ ဖက္ဒရယ္လမ္းေၾကာင္းကို သြားေနတဲ့အခ်ိန္မွာ သူတို႔က ဘယ္လိုျမင္လဲဆိုေတာ့ မနာလိုဘူးေပါ့ေနာ္။ တနည္းအားျဖင့္ လူမိုက္ဆန္တာေပါ့။ လူမိုက္စကားေျပာတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အမ်ိဳးသားေရးနဲ႔ပတ္သက္ၿပီး အေျခခံအေတြးအေခၚေတြ ခံယူခ်က္ေတြ၊ အမ်ိုးသားေရးမူေဘာင္ေတြ သူတို႔မွာမရွိဘူး၊ လက္နက္ အားကိုးနဲ႔ မာဖီးယားေတြလို လုပ္ေနတာလို႔ပဲ က်ေနာ္သံုးသပ္တယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ေတြ ေပါင္းစည္းေရးအတြက္ ALP အပါအဝင္ ရခိုင္လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အခ်ိန္အၾကာႀကီး ေဆြးေႏြးခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔လည္း သတင္းစာရွင္းလင္းပြဲမွာ AA ေျပာခြင့္ရ ခိုင္သုခက ရခုိင္စကားနဲ႔ အခုလို ေျပာသြားပါတယ္။

“အဲဒီလို အဖြဲ႔ေတြမရွိေအာင္ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ၂၀၀၉ခုနွစ္ကေန ၂၀၁၅ ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ အမ်ိဳးမ်ိဳးစည္းရံုးၿပီးေတာ့ စုစည္းခဲ့တာေတြရွိပါတယ္။ ဒါေပမယ့္ စုစည္းလို႔မရခဲ့ပါဘူး။ အေၾကာင္းကေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ရဲ႕ အက်ိုးဆက္ျဖစ္တဲ့ Permit (လုပ္ငန္းလုပ္ခြင့္) ေတြ၊ တျခားအက်ိဳးစီးပြားေတြေပၚမွာ ေနာက္ကလိုက္ၿပီးေတာ့ ဒီကိစၥေတြကို မစုစည္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္” လို႔ ခိုင္သုခက ေျပာပါတယ္။

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ဟာ စစ္ေကာင္စီနဲ႔ ပူးေပါင္းၿပီး ရခိုင္လက္နက္ ကိုင္ AA တပ္ဖြဲ႔ဝင္ေတြကို ဖမ္းဆီးတာ သတင္းေပးတာေတြနဲ႔ AA ရဲ႕ တရားဥပေဒစိုးမုိးေရးနဲ႔ တရားစီရင္ေရး လုပ္ငန္းေတြကို ဝင္ေရာက္ေနွာင့္ယွက္ေနတာေတြလည္း ရွိေနတယ္လို႔လည္း AA ဘက္ကစြပ္စြဲေျပာဆိုထားတာေတြလည္း ရွိပါတယ္။

အခုလို ရခိုင္တပ္ဖြဲ႔အခ်င္းခ်င္း တင္းမာေနတဲ့အခ်ိန္မ်ိဳးမွာ ပဋိပကၡကို ပိုၿပီးေတာ့ ဦးတည္သြားႏိုင္တာေၾကာင့္ ေတြ႔ဆံုေဆြးေႏြးေရးလမ္းေၾကာင္းကို ဆက္ၿပီးေတာ့ သြားသင့္တယ္လို႔လည္း ရခိုင္အေရး ကြ်မ္းက်င္သူ ကိုထြန္းၾကည္က သံုးသပ္ပါတယ္။

“AA ဘက္ကေျပာေနတဲ့ လက္နက္ကိုင္အဖြဲ႔အစည္းတခုတည္းသာရွိရမယ္ ဆိုတဲ့ မူူကေတာ့ ဒါ တကမၻာလံုးမွာ ႏိုင္ငံတခုထူေထာင္ရင္ လက္နက္ကိုင္တဖြဲ႔တည္းရွိရမယ္ဆိုတဲ့ မူနဲ႔ပဲ သြားေနတယ္ေပါ့ေလ။ ျမန္မာႏုိ္င္ငံမွာလည္း စစ္တပ္ဘက္က ဒီအတိုင္းပဲ ခံယူတယ္၊ ဆိုေတာ့ ဒါက ပဋိပကၡကို ဦးတည္တယ္လို႔ေတာ့ ေျပာလို႔ ရတယ္။ ဒါေပမယ့္ AA အေနနဲ႔ပဲျဖစ္ျဖစ္ ALP အေနနဲ႔ပဲျဖစ္ျဖစ္ ေတြ႔ဆံုေဆြးေႏြးေရး လမ္းေၾကာင္းကိုေတာ့ ဆက္ၿပီးေတာ့ သြားဖို႔လိုတယ္။”

လက္ရွိ ရခိုင္ျပည္နယ္မွာ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား ေန႔တိုင္းနီးပါးထိေတြ႔ တိုက္ ပြဲျဖစ္ေနသလို ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP နဲ႔ AA အဖြဲ႔ၾကားမွာလည္း တင္းမာမႈေတြ ရွိေနပါတယ္။ ဒီလအတြင္းမွာပဲ ALP ပါတီဘက္က ဒုတိယဗုိလ္ မွဴးႀကီး ခိုင္ေပၚလင္းနဲ႔ ALP တပ္မိသားစုဝင္ ေက်ာင္းသားတဦးကိုလည္း AA ဘက္က ဖမ္းဆီးခဲ့သလို ALP ပါတီဘက္ကလည္း AA နဲ႔ ဆက္စပ္သူေတြကို ဖမ္းဆီးထားတာေတြလည္းရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

လက်နက်ကိုင်တဖွဲ့တည်းရှိရေး AA သဘောထား ပဋိပက္ခကြီးထွားနိုင် (ALP)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကလွဲရင် တခြားလက်နက်ကိုင်အဖွဲ့ရှိနေဖို့မလိုအပ်ဘူးလို့ မနေ့က AA ဘက်က ပြောပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘက်ကတော့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေကို ပြန်သုံးသပ်ဖို့ ပြောထားပါတယ်။ အခုလို တဘက်နဲ့ တဘက် အပြန်အလှန်ပြောဆိုမှုတွေဟာ ရခိုင်လက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခပိုကြီးမလာဖို့ ဆွေးနွေးရေးလမ်းကြောင်းကို ဆက်သွားသင့်တယ်လို့လည်း ရခိုင် အရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တမျိုးသားလုံးထောက်ခံထားတဲ့ AA အဖွဲ့ကလွဲပြီး တခြားလက်နက်ကိုင်အဖွဲ့တွေမရှိစေဖို့ ကာကွယ်ရေးမူဝါဒ ချမှတ်လုပ်ဆောင်နေတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်လို ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တပ်တွေ အများကြီးရှိနေလို့ မရပါ။ ပြောရရင်တော့ တမျိုးသားလုံးက ထောက်ခံထားတဲ့ ရခိုင့်တပ်တော်ကလွဲလို့ နောက်ထပ်တပ်တွေ မလိုအပ်ပါ။ အဲဒါက AA အဖွဲ့ရဲ့ ကာကွယ်ရေး မူဝါဒတခုလည်းဖြစ်ပါတယ်” လို့ ပြောဆိုသွားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အပါအဝင် တခြားအဖွဲ့တွေလည်း ရှိနေတာပါ။ AA အဖွဲ့က အခုလို ပြောဆိုတာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ကန့်ကွက်ပါတယ်။

“ သူတို့ပြောတဲ့ စကားကို သူတို့ဆင်ခြင်သုံးသပ်ဖို့လိုတယ်လို့ ပြောချင်တယ်။ ဒါနိုင် ငံရေး အတွေးအခေါ်မရှိ ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတော့ နိုင် ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းရမယ်၊ စားပွဲဝိုင်းမှာ ဖြေရှင်းရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြည်သူကို ဒုက္ခမရောက်စေချင်ဘူး။ NCA လက်မှတ်ထိုးပြီးတော့ စစ်မှန် တဲ့ ဖက်ဒရယ်လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ သူတို့က ဘယ်လိုမြင်လဲဆိုတော့ မနာလိုဘူးပေါ့နော်။ တနည်းအားဖြင့် လူမိုက်ဆန်တာပေါ့။ လူမိုက်စကားပြောတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရေးနဲ့ပတ်သက်ပြီး အခြေခံအတွေးအခေါ်တွေ ခံယူချက်တွေ၊ အမျိုးသားရေးမူဘောင်တွေ သူတို့မှာမရှိဘူး၊ လက်နက် အားကိုးနဲ့ မာဖီးယားတွေလို လုပ်နေတာလို့ပဲ ကျနော်သုံးသပ်တယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးအတွက် ALP အပါအဝင် ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အချိန်အကြာကြီး ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်စကားနဲ့ အခုလို ပြောသွားပါတယ်။

“အဲဒီလို အဖွဲ့တွေမရှိအောင် ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်ကနေ ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အမျိုးမျိုးစည်းရုံးပြီးတော့ စုစည်းခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် စုစည်းလို့မရခဲ့ပါဘူး။ အကြောင်းကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ Permit (လုပ်ငန်းလုပ်ခွင့်) တွေ၊ တခြားအကျိုးစီးပွားတွေပေါ်မှာ နောက်ကလိုက်ပြီးတော့ ဒီကိစ္စတွေကို မစုစည်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်” လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရခိုင်လက်နက် ကိုင် AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ သတင်းပေးတာတွေနဲ့ AA ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို ဝင်ရောက်နှောင့်ယှက်နေတာတွေလည်း ရှိနေတယ်လို့လည်း AA ဘက်ကစွပ်စွဲပြောဆိုထားတာတွေလည်း ရှိပါတယ်။

အခုလို ရခိုင်တပ်ဖွဲ့အချင်းချင်း တင်းမာနေတဲ့အချိန်မျိုးမှာ ပဋိပက္ခကို ပိုပြီးတော့ ဦးတည်သွားနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဆက်ပြီးတော့ သွားသင့်တယ်လို့လည်း ရခိုင်အရေး ကျွမ်းကျင်သူ ကိုထွန်းကြည်က သုံးသပ်ပါတယ်။

“AA ဘက်ကပြောနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုတည်းသာရှိရမယ် ဆိုတဲ့ မူူကတော့ ဒါ တကမ္ဘာလုံးမှာ နိုင်ငံတခုထူထောင်ရင် လက်နက်ကိုင်တဖွဲ့တည်းရှိရမယ်ဆိုတဲ့ မူနဲ့ပဲ သွားနေတယ်ပေါ့လေ။ မြန်မာနိုင်ငံမှာလည်း စစ်တပ်ဘက်က ဒီအတိုင်းပဲ ခံယူတယ်၊ ဆိုတော့ ဒါက ပဋိပက္ခကို ဦးတည်တယ်လို့တော့ ပြောလို့ ရတယ်။ ဒါပေမယ့် AA အနေနဲ့ပဲဖြစ်ဖြစ် ALP အနေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ ဆက်ပြီးတော့ သွားဖို့လိုတယ်။”

လက်ရှိ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ စစ်ကောင်စီကြား နေ့တိုင်းနီးပါးထိတွေ့ တိုက် ပွဲဖြစ်နေသလို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ AA အဖွဲ့ကြားမှာလည်း တင်းမာမှုတွေ ရှိနေပါတယ်။ ဒီလအတွင်းမှာပဲ ALP ပါတီဘက်က ဒုတိယဗိုလ် မှူးကြီး ခိုင်ပေါ်လင်းနဲ့ ALP တပ်မိသားစုဝင် ကျောင်းသားတဦးကိုလည်း AA ဘက်က ဖမ်းဆီးခဲ့သလို ALP ပါတီဘက်ကလည်း AA နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးထားတာတွေလည်းရှိနေတာပါ။

XS
SM
MD
LG