သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ကုန္းလမ္း ေရလမ္းတခ်ိဳ႕ ျပန္ဖြင့္ေပမဲ့ စားနပ္ရိကၡာသယ္ဖို႔ ခက္ေနဆဲ 


ရခုိင္ျပည္နယ္၊ ေက်ာက္ျဖဴဆိပ္ကမ္းမွာ ကုန္တင္ကုန္ခ်ျမင္ကြင္း။ ( ေအာက္တိုဘာ ၁၊ ၂၀၁၉ )

[[Zawgyi/Unicode]]

စစ္ေကာင္စီနဲ႔ AA ရခိုင္တပ္ေတာ္ၾကား လူသားခ်င္းစာနာမႈဆိုင္ရာ အပစ္ရပ္ၿပီးေနာက္ပိုင္း ရခိုင္ေျမာက္ပိုင္းမွာ ပိတ္ဆို႔ထားတဲ့ ကုန္လမ္းေရလမ္းတခ်ိဳ႕ကို ျပန္ဖြင့္ေပးေပမဲ့ စားနပ္ရိကၡာနဲ႔ ေဆးဝါးသယ္ယူေရးပိုင္းေတြမွာ ခက္ခဲေနေသးတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ စစ္ေကာင္စီဘက္ကလည္း အပစ္ရပ္ကာလမွာ ရိကၡာနဲ႔လူအင္အားေတြ ျဖည့္တင္းေနတာေၾကာင့္ မၾကာခင္ တိုက္ပြဲေတြ ျပန္ျဖစ္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ရခိုင္ျပည္နယ္တြင္း ေနာက္ဆုံးအေျခအေန သတင္ေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ ရခိုင္ေျမာက္ပိုင္းမွာ ေဒသခံျပည္သူေတြ ခက္ခဲေနတာေၾကာင့္ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား လူသားခ်င္း စာနာေထာက္ထားတဲ့အေနနဲ႔ အလြတ္သေဘာအပစ္ရပ္လိုက္ၾကတာလည္း ျဖစ္ပါတယ္။

လက္ရွိ အပစ္ရပ္ထားတာတပတ္ေက်ာ္အတြင္းမွာ ရခိုင္ေျမာက္ပိုင္းမွာ ပိတ္ထားတဲ့ ကုန္းလမ္းေရလမ္းတခ်ိဳ႕ကို စစ္ေကာင္စီက ျပန္ဖြင့္ေပးခဲ့သလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကလည္း စစ္ေကာင္စီရဲ႕ရိကၡာလမ္းေၾကာင္းေတြကို ျပန္ဖြင့္ေပးခဲ့ပါတယ္။

အပစ္ရပ္ကာလမွာ ေဒသခံေတြ သြားလာလႈပ္ရွားေရးအတြက္ လမ္းခရီးေတြ ဖြင့္ေပးထားတယ္ဆိုေပမယ့္ တခ်ိဳ႕ေဒသမွာ စစ္ေဆးေရးဂိတ္ေတြ တိုးျမႇင့္ခ်ထားသလို ေဒသခံေတြအတြက္ အဓိကလိုအပ္တဲ့ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြကို စစ္ေကာင္စီက ကန႔္သတ္ထားဆဲျဖစ္ပါတယ္။ လမ္းေတြပြင့္သြားေပမယ့္ ဘာတခုမွ သယ္ယူခြင့္မရဘူးလို႔ ေမာင္ေတာေဒသခံ အမ်ိဳးသမီးတဦး ေျပာပါတယ္။

“လူေတြပဲ သြားလို႔ရတယ္။ စားနပ္ရိကၡာရယ္၊ ေဆးဝါးရယ္ စတဲ့ အဓိကအေၾကာင္းအရာေတြကို မယူရဘူး၊ မသယ္ရဘူးဆိုရင္ ဘယ္လိုလုပ္ၿပီး အဆင္ေျပမွာလဲ။ အဓိက အေရးႀကီးတာက စားနပ္ရိကၡာနဲ႔ ေဆးဝါးရယ္၊ အဲဒါေတြ မသယ္ရေတာ့ လူေတြလည္း အဆင္မေျပဘူး။ သြားလာတာလည္း စစ္ေဆးမႈေတြေတာ့ ရွိေသးတယ္။ လြတ္လြတ္လပ္လပ္သြားလာလို႔ မရေသးဘူး။ အစစ္အေဆးခံရတယ္။ ဟိုဂိတ္မွာတေခါက္၊ ဒီဂိတ္မွာတေခါက္၊ မွတ္ပုံတင္ေတြျပရတယ္။ က်မတို႔က ဧည့္ႏိုင္ငံသားလို တဘက္ႏိုင္ငံက ခိုးဝင္လာတဲ့သူေတြလို အသုံးခ်ခံေနရတာ၊ အဲလိုမ်ိဳးေတြလုပ္ေနတာကို ေတြ႕ျမင္ရပါတယ္။”

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအေစာပိုင္းက တိုက္ပြဲျပင္းထန္ခဲ့ၿပီး လူေသဆုံး ဒဏ္ရာရတာေတြ မ်ားျပားခဲ့တဲ့ ပုဏၰားကြၽန္းၿမိဳ႕နယ္မွာလည္း လမ္းခရီးေတြကို ျပန္လည္ဖြင့္ထားတာေၾကာင့္ လတ္တေလာ အဆင္ေျပေနေပမဲ့ တိုက္ပြဲေတြ ျပန္ျဖစ္လာမွာကို စိုးရိမ္တယ္လို႔လည္း ပုဏၰားကြၽန္းေဒသခံတဦးကေျပာပါတယ္။

“လမ္းခရီးကေတာ့ ပုံမွန္အတိုင္းသြားလာလို႔ရေနပါၿပီ။ ၿမိဳ႕ေပၚမွာလည္း ေဈးဆိုင္ေတြ ပုံမွန္အတိုင္းျပန္ဖြင့္ေနၾကပါၿပီ။ ဟုတ္။ ႏွစ္ဘက္လုံးက သေဘာတူစာခ်ဳပ္နဲ႔ အပစ္ရပ္ထားတာမဟုတ္ေတာ့ေလ- ဘယ္ေန႔ တိုက္ပြဲျပန္ျဖစ္မလဲဆိုတာေတာ့ စိုးရိမ္တာေပါ့။”

စစ္ေကာင္စီနဲ႔ ရခိုင္တပ္မေတာ္ AA အဖြဲ႔ၾကား အပစ္ရပ္ထားတာဟာ လူသားခ်င္းစာေထာက္ထားတဲ့အေနနဲ႔ အပစ္ရပ္ထားတယ္ဆိုေပမဲ့ စစ္ေကာင္စီဘက္က စားနပ္ရိကၡာနဲ႔ လူအင္အားေတြ တိုးခ်ဲ႕ေနၾကတာေၾကာင့္ တိုက္ပြဲေတြ ျပန္ျဖစ္လာမွာကို ေဒသခံေတြအေနနဲ႔ စိုးရိမ္ေနၾကတယ္လို႔လည္း ရခိုင္အေရး ေလ့လာသုံးသပ္ သူ ဦးေဖသန္း ေျပာပါတယ္။

“စစ္ေကာင္စီကေတာ့ စစ္ေရးအခက္အခဲ ေတာ္ေတာ္ရွိတယ္။ အထူးသျဖင့္ ULA/AA ဘက္က ျဖတ္ေတာက္ထားတဲ့ လမ္းေၾကာင္းေတြ ရိကၡာေတြေပါ့၊ အဲလိုမရႏိုင္တဲ့ေနရာေတြရွိတယ္။ ဥပမာေျပာရရင္ မင္းျပားလိုေနရာေပါ့။ ဇက္သေဘၤာေတြနဲ႔ အၿမဲတမ္းတက္ဖို႔ ႀကိဳးစားေနတယ္။ ရိကၡာပို႔ဖို႔ႀကိဳးစားတိုင္း အၿမဲတမ္းတိုက္ပြဲျဖစ္တယ္။ အခုအဲလိုအေျခအေနမ်ိဳးကေန သူတို႔ ရိကၡာပို႔ဖို႔ ရသြားတာေပါ့။ ဒီအေျခအေနကေတာ့ ULAနဲ႔ ျမန္မာစစ္တပ္ၾကားမွာ နားလည္မႈ တစုံတရာရွိတယ္လို႔ ျမင္တယ္။

....အပစ္ရပ္စဲေရးကိုေတာ့ AA ဘက္ကအသုံးခ်သလို စစ္ေကာင္စီဘက္ကလည္း အသုံးခ်တယ္လို႔ျမင္တယ္။ ဒါေပမဲ့ အဲဒါက ဘယ္ေလာက္ အတိုင္းအတာထိလဲ၊ ပမာဏ ဘယ္ေလာက္မ်ားသလဲ၊ အခ်ိန္အကန႔္အသတ္ ဘယ္ေလာက္ရွိသလဲ ဆိုတာ က်ေနာ္တို႔မသိတဲ့အခါမွာ ျပည္သူေတြ စိုးရိမ္ေနတာလည္းရွိပါတယ္။ ျမန္မာစစ္တပ္ဘက္က ပိုၿပီးေတာ့လုပ္လာမလား၊ ျပန္ၿပီးေတာ့ ဒုကၡေပးလာမလား စိုးရိမ္ေၾကာင့္ၾကမႈေတြလည္း ရွိၾကပါတယ္ခင္ဗ်ာ။”

တိုက္ပြဲေတြေၾကာင့္ ဒုကၡေရာက္ၾကတဲ့ ေဒသခံေတြအတြက္ လူသားခ်င္းစာနာမႈအရ ယာယီအပစ္ရပ္ထားတဲ့ သေဘာျဖစ္တယ္လို႔ AA ဘက္က ေျပာထားပါတယ္။ ႏွစ္ဘက္ၾကား အပစ္ရပ္ထားတယ္ဆိုတာကို AA ေရာ စစ္ေကာင္စီကပါ အတည္ျပဳထားေပမဲ့ တရားဝင္ သေဘာတူလက္မွတ္ထိုးတာမ်ိဳးေတာ့ မရွိေသးပါဘူး။ စားေရရိကၡာေတြ သယ္ယူႏိုင္ေအာင္ စစ္ေၾကာင့္ ပိတ္ထားတဲ့လမ္းေတြကို ဖြင့္လိုက္တယ္ဆိုေပမဲ့ စစ္ေဆးမႈေတြ တင္းၾကပ္မႈေတြကေတာ့ ရွိေနဆဲပဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ရခိုင်မှာ ကုန်းလမ်း ရေလမ်းတချို့ ပြန်ဖွင့်ပေမဲ့ စားနပ်ရိက္ခာသယ်ဖို့ ခက်နေဆဲ

စစ်ကောင်စီနဲ့ AA ရခိုင်တပ်တော်ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ပြီးနောက်ပိုင်း ရခိုင်မြောက်ပိုင်းမှာ ပိတ်ဆို့ထားတဲ့ ကုန်လမ်းရေလမ်းတချို့ကို ပြန်ဖွင့်ပေးပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူရေးပိုင်းတွေမှာ ခက်ခဲနေသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီဘက်ကလည်း အပစ်ရပ်ကာလမှာ ရိက္ခာနဲ့လူအင်အားတွေ ဖြည့်တင်းနေတာကြောင့် မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရခိုင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေ သတင်ပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ ခက်ခဲနေတာကြောင့် စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အလွတ်သဘောအပစ်ရပ်လိုက်ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိ အပစ်ရပ်ထားတာတပတ်ကျော်အတွင်းမှာ ရခိုင်မြောက်ပိုင်းမှာ ပိတ်ထားတဲ့ ကုန်းလမ်းရေလမ်းတချို့ကို စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့သလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း စစ်ကောင်စီရဲ့ရိက္ခာလမ်းကြောင်းတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

အပစ်ရပ်ကာလမှာ ဒေသခံတွေ သွားလာလှုပ်ရှားရေးအတွက် လမ်းခရီးတွေ ဖွင့်ပေးထားတယ်ဆိုပေမယ့် တချို့ဒေသမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားသလို ဒေသခံတွေအတွက် အဓိကလိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပါတယ်။ လမ်းတွေပွင့်သွားပေမယ့် ဘာတခုမှ သယ်ယူခွင့်မရဘူးလို့ မောင်တောဒေသခံ အမျိုးသမီးတဦး ပြောပါတယ်။

“လူတွေပဲ သွားလို့ရတယ်။ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ် စတဲ့ အဓိကအကြောင်းအရာတွေကို မယူရဘူး၊ မသယ်ရဘူးဆိုရင် ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ။ အဓိက အရေးကြီးတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးရယ်၊ အဲဒါတွေ မသယ်ရတော့ လူတွေလည်း အဆင်မပြေဘူး။ သွားလာတာလည်း စစ်ဆေးမှုတွေတော့ ရှိသေးတယ်။ လွတ်လွတ်လပ်လပ်သွားလာလို့ မရသေးဘူး။ အစစ်အဆေးခံရတယ်။ ဟိုဂိတ်မှာတခေါက်၊ ဒီဂိတ်မှာတခေါက်၊ မှတ်ပုံတင်တွေပြရတယ်။ ကျမတို့က ဧည့်နိုင်ငံသားလို တဘက်နိုင်ငံက ခိုးဝင်လာတဲ့သူတွေလို အသုံးချခံနေရတာ၊ အဲလိုမျိုးတွေလုပ်နေတာကို တွေ့မြင်ရပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး လူသေဆုံး ဒဏ်ရာရတာတွေ များပြားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း လမ်းခရီးတွေကို ပြန်လည်ဖွင့်ထားတာကြောင့် လတ်တလော အဆင်ပြေနေပေမဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း ပုဏ္ဏားကျွန်းဒေသခံတဦးကပြောပါတယ်။

“လမ်းခရီးကတော့ ပုံမှန်အတိုင်းသွားလာလို့ရနေပါပြီ။ မြို့ပေါ်မှာလည်း ဈေးဆိုင်တွေ ပုံမှန်အတိုင်းပြန်ဖွင့်နေကြပါပြီ။ ဟုတ်။ နှစ်ဘက်လုံးက သဘောတူစာချုပ်နဲ့ အပစ်ရပ်ထားတာမဟုတ်တော့လေ- ဘယ်နေ့ တိုက်ပွဲပြန်ဖြစ်မလဲဆိုတာတော့ စိုးရိမ်တာပေါ့။”

စစ်ကောင်စီနဲ့ ရခိုင်တပ်မတော် AA အဖွဲ့ကြား အပစ်ရပ်ထားတာဟာ လူသားချင်းစာထောက်ထားတဲ့အနေနဲ့ အပစ်ရပ်ထားတယ်ဆိုပေမဲ့ စစ်ကောင်စီဘက်က စားနပ်ရိက္ခာနဲ့ လူအင်အားတွေ တိုးချဲ့နေကြတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း ရခိုင်အရေး လေ့လာသုံးသပ် သူ ဦးဖေသန်း ပြောပါတယ်။

“စစ်ကောင်စီကတော့ စစ်ရေးအခက်အခဲ တော်တော်ရှိတယ်။ အထူးသဖြင့် ULA/AA ဘက်က ဖြတ်တောက်ထားတဲ့ လမ်းကြောင်းတွေ ရိက္ခာတွေပေါ့၊ အဲလိုမရနိုင်တဲ့နေရာတွေရှိတယ်။ ဥပမာပြောရရင် မင်းပြားလိုနေရာပေါ့။ ဇက်သင်္ဘောတွေနဲ့ အမြဲတမ်းတက်ဖို့ ကြိုးစားနေတယ်။ ရိက္ခာပို့ဖို့ကြိုးစားတိုင်း အမြဲတမ်းတိုက်ပွဲဖြစ်တယ်။ အခုအဲလိုအခြေအနေမျိုးကနေ သူတို့ ရိက္ခာပို့ဖို့ ရသွားတာပေါ့။ ဒီအခြေအနေကတော့ ULAနဲ့ မြန်မာစစ်တပ်ကြားမှာ နားလည်မှု တစုံတရာရှိတယ်လို့ မြင်တယ်။

....အပစ်ရပ်စဲရေးကိုတော့ AA ဘက်ကအသုံးချသလို စစ်ကောင်စီဘက်ကလည်း အသုံးချတယ်လို့မြင်တယ်။ ဒါပေမဲ့ အဲဒါက ဘယ်လောက် အတိုင်းအတာထိလဲ၊ ပမာဏ ဘယ်လောက်များသလဲ၊ အချိန်အကန့်အသတ် ဘယ်လောက်ရှိသလဲ ဆိုတာ ကျနော်တို့မသိတဲ့အခါမှာ ပြည်သူတွေ စိုးရိမ်နေတာလည်းရှိပါတယ်။ မြန်မာစစ်တပ်ဘက်က ပိုပြီးတော့လုပ်လာမလား၊ ပြန်ပြီးတော့ ဒုက္ခပေးလာမလား စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိကြပါတယ်ခင်ဗျာ။”

တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြတဲ့ ဒေသခံတွေအတွက် လူသားချင်းစာနာမှုအရ ယာယီအပစ်ရပ်ထားတဲ့ သဘောဖြစ်တယ်လို့ AA ဘက်က ပြောထားပါတယ်။ နှစ်ဘက်ကြား အပစ်ရပ်ထားတယ်ဆိုတာကို AA ရော စစ်ကောင်စီကပါ အတည်ပြုထားပေမဲ့ တရားဝင် သဘောတူလက်မှတ်ထိုးတာမျိုးတော့ မရှိသေးပါဘူး။ စားရေရိက္ခာတွေ သယ်ယူနိုင်အောင် စစ်ကြောင့် ပိတ်ထားတဲ့လမ်းတွေကို ဖွင့်လိုက်တယ်ဆိုပေမဲ့ စစ်ဆေးမှုတွေ တင်းကြပ်မှုတွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။

XS
SM
MD
LG