[[Zawgyi/Unicode]]
ရခိုင္မွာ လူသားခ်င္းစာနာမႈအရ ျမန္မာစစ္တပ္နဲ႔ ႏႈတ္အားျဖင့္ အပစ္ရပ္ (AA)
ရခိုင္ျပည္သူေတြ လတ္တေလာႀကဳံရတဲ့ အခက္အခဲေတြ ေျဖရွင္းႏိုင္ဖို႔ လူသားခ်င္းစာနာမႈအရ ျမန္မာစစ္တပ္နဲ႔ ႏႈတ္အားျဖင့္ အပစ္အခတ္ရပ္စဲေရးယူထားတာျဖစ္တယ္လို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရသူက ေျပာပါတယ္။ ဒါေပမဲ့လို႔ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ ၈ ခုမွာ ျပည္တြင္းျပည္ပအကူအညီေပးေရးအဖြဲ႔ေတြ သြားလာမႈကို စစ္ေကာင္စီက ကန႔္သတ္ထားဆဲျဖစ္ၿပီး ရန္ကုန္-စစ္ေတြ ကားလမ္းကိုလည္း ပိတ္ထားဆဲျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။
စစ္ေကာင္စီနဲ႔ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြအိုးအိမ္စြန႔္ခြာထြက္ေျပးေနၾကရသလို စစ္ေကာင္စီက ရခိုင္ေဒသတြင္း ခရီးသြားမႈနဲ႔ ကုန္စည္ေဆးဝါး သယ္ယူခြင့္ေတြကို ပိတ္ထားတာေၾကာင့္ ရခိုင္ျပည္သူေတြ အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ဒါ့ေၾကာင့္ ရခိုင္ျပည္သူေတြရဲ႕ အၾကပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အပစ္ရပ္စဲဖို႔ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား ၿပီးခဲတဲ့ရက္ပိုင္းက ရက္ အကန႔္အသတ္မရွိ ႏႈအားျဖင့္ သေဘာတူ ခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာ ခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။
“ဘာေၾကာင့္လဲဆိုလို႔ရွိရင္ အခုေလာေလာဆယ္မွာ ရခိုင္ျပည္သူေတြအတြက္ အေျခခံအက်ဆုံး စားနပ္ရိကၡာေဆးဝါးေတြ အမ်ားႀကီးလိုအပ္ေနပါတယ္။ ေနာက္ အခုရာသီက စပါးရိတ္သိမ္းတဲ့ရာသီျဖစ္တာေၾကာင့္ ျပည္သူေတြအတြက္ အေလးအနက္ထားၿပီးေတာ့ Humanitarian ceasefire လူသားခ်င္းစာနာမႈဆိုင္ရာ အပစ္ခတ္ရပ္စဲေရးကို က်ေနာ္တို႔ ေဆာင္႐ြက္တာျဖစ္ပါတယ္။ က်န္တာကေတာ့ ဘာမွမေျပာင္းပါဘူး။ နဂို ႏိုင္ငံေရးရပ္တည္ခ်က္အတိုင္းပါပဲ။”
ဒါ့အျပင္ စစ္ေကာင္စီအေနနဲ႔ ရခိုင္ေျမာက္ပိုင္းကစစ္ေဘးဒုကၡသည္ေတြနဲ႔ မြတ္ဆလင္ဒုကၡသည္ေတြ အမ်ားဆုံးရွိေနတဲ့ ၿမိဳ႕နယ္ ၈ ခုမွာ ျပည္တြင္းျပည္ပ လူသားခ်င္းစာနာမႈဆိုင္ရာ ကူညီေပးေရးအဖြဲ႔ေတြကို သြားေရာက္ခြင့္ ပိတ္ထားတာေၾကာင့္ ဒုကၡသည္ေတြ အငတ္ေဘးႀကဳံေတြ႕ေနရတယ္လို႔လည္း AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ဒီေန႔Online ကေနျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရခိုင္လို ေျပာခဲ့ပါတယ္။
“ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ေပါက္ေတာ စတဲ့ ၿမိဳ႕နယ္ ၈ ခုကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြ NGO ေတြ၊ INGO ေတြနဲ႔ CSO ေတြက သြားေရာက္ ကူညီခြင့္လည္း စစ္ေကာင္စီကပိတ္ထားေၾကာင့္ စစ္ေဘးဒုကၡသည္ေတြဟာ အငတ္ေဘးဆိုက္မယ့္ အေျခအေနကို ေရာက္ေနၿပီ။”
အလားအလာအေျခအေနေတြကိုေတာ့ ပုံေသေျပာလို႔မရေသးဘဲ သူတို႔အေနနဲ႔ ေစာင့္ၾကည့္ေနဆဲရွိတယ္လို႔လည္း AA ေျပာခြင့္ရက ရခိုင္ဘာသာစကားနဲ႔ အခုလို ေျပာပါတယ္။
“ ႀကိဳၿပီးေတာ့ ေျပာလို႔မရဘူးဗ်ာ။ က်ေနာ္တို႔ အပစ္ရပ္တာက တရက္ပဲရွိပါေသးတယ္-ဆိုေတာ့ ေရွ႕မွာဘာျဖစ္မွာလဲ၊ ဘယ္လိုျဖစ္မလဲဆိုတာကေတာ့ ေျပာလို႔မရဘူး။ က်ေနာ္တို႔လည္း ဆက္ၿပီးေတာ့ ေစာင့္ၾကည့္မယ္။ ျပည္သူေတြလည္း ေစာင့္ၾကည့္ေနၾကအုံးမယ္လို႔ ထင္တယ္။ တဘက္နဲ႔ တဘက္ ဘာျဖစ္လာမလဲဆိုတာကေတာ့ ႏွစ္ဘက္လုံးရဲ႕ လုပ္ေဆာင္မႈနဲ႔ ကတိတည္မႈအေပၚမွာ မူတည္ပါလိမ့္မယ္။”
လက္ရွိ အပစ္ရပ္ထားတဲ့ရခိုင္မွာ ပစ္ခတ္သံေတြ မၾကားရေတာ့ေပမယ့္ ေဒသခံျပည္သူေတြရဲ႕ စားနပ္ရိကၡာ၊ ေဆးဝါးသယ္ယူခြင့္နဲ႔ ခရီးသြားလာခြင့္ေတြကို စစ္ေကာင္စီကပိတ္ဆို႔ထားဆဲျဖစ္တယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။
===============
[[Unicode]]
ရခိုင်မှာ လူသားချင်းစာနာမှုအရ မြန်မာစစ်တပ်နဲ့ နှုတ်အားဖြင့် အပစ်ရပ် (AA)
ရခိုင်ပြည်သူတွေ လတ်တလောကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုအရ မြန်မာစစ်တပ်နဲ့ နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားတာဖြစ်တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့လို့ ရခိုင်မြောက်ပိုင်း မြို့နယ် ၈ ခုမှာ ပြည်တွင်းပြည်ပအကူအညီပေးရေးအဖွဲ့တွေ သွားလာမှုကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပြီး ရန်ကုန်-စစ်တွေ ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို စစ်ကောင်စီက ရခိုင်ဒေသတွင်း ခရီးသွားမှုနဲ့ ကုန်စည်ဆေးဝါး သယ်ယူခွင့်တွေကို ပိတ်ထားတာကြောင့် ရခိုင်ပြည်သူတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲဖို့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြီးခဲတဲ့ရက်ပိုင်းက ရက် အကန့်အသတ်မရှိ နှုအားဖြင့် သဘောတူ ခဲ့တယ်လို့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ပြော ခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ဘာကြောင့်လဲဆိုလို့ရှိရင် အခုလောလောဆယ်မှာ ရခိုင်ပြည်သူတွေအတွက် အခြေခံအကျဆုံး စားနပ်ရိက္ခာဆေးဝါးတွေ အများကြီးလိုအပ်နေပါတယ်။ နောက် အခုရာသီက စပါးရိတ်သိမ်းတဲ့ရာသီဖြစ်တာကြောင့် ပြည်သူတွေအတွက် အလေးအနက်ထားပြီးတော့ Humanitarian ceasefire လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှမပြောင်းပါဘူး။ နဂို နိုင်ငံရေးရပ်တည်ချက်အတိုင်းပါပဲ။”
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရခိုင်မြောက်ပိုင်းကစစ်ဘေးဒုက္ခသည်တွေနဲ့ မွတ်ဆလင်ဒုက္ခသည်တွေ အများဆုံးရှိနေတဲ့ မြို့နယ် ၈ ခုမှာ ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးအဖွဲ့တွေကို သွားရောက်ခွင့် ပိတ်ထားတာကြောင့် ဒုက္ခသည်တွေ အငတ်ဘေးကြုံတွေ့နေရတယ်လို့လည်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဒီနေ့Online ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လို ပြောခဲ့ပါတယ်။
“ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စတဲ့ မြို့နယ် ၈ ခုကို နိုင်ငံတကာအဖွဲ့အစည်းတွေ NGO တွေ၊ INGO တွေနဲ့ CSO တွေက သွားရောက် ကူညီခွင့်လည်း စစ်ကောင်စီကပိတ်ထားကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ အငတ်ဘေးဆိုက်မယ့် အခြေအနေကို ရောက်နေပြီ။”
အလားအလာအခြေအနေတွေကိုတော့ ပုံသေပြောလို့မရသေးဘဲ သူတို့အနေနဲ့ စောင့်ကြည့်နေဆဲရှိတယ်လို့လည်း AA ပြောခွင့်ရက ရခိုင်ဘာသာစကားနဲ့ အခုလို ပြောပါတယ်။
“ ကြိုပြီးတော့ ပြောလို့မရဘူးဗျာ။ ကျနော်တို့ အပစ်ရပ်တာက တရက်ပဲရှိပါသေးတယ်-ဆိုတော့ ရှေ့မှာဘာဖြစ်မှာလဲ၊ ဘယ်လိုဖြစ်မလဲဆိုတာကတော့ ပြောလို့မရဘူး။ ကျနော်တို့လည်း ဆက်ပြီးတော့ စောင့်ကြည့်မယ်။ ပြည်သူတွေလည်း စောင့်ကြည့်နေကြအုံးမယ်လို့ ထင်တယ်။ တဘက်နဲ့ တဘက် ဘာဖြစ်လာမလဲဆိုတာကတော့ နှစ်ဘက်လုံးရဲ့ လုပ်ဆောင်မှုနဲ့ ကတိတည်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။”
လက်ရှိ အပစ်ရပ်ထားတဲ့ရခိုင်မှာ ပစ်ခတ်သံတွေ မကြားရတော့ပေမယ့် ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီကပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။