သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ လက္နက္ႀကီးေၾကာင့္ ၁ ရက္တည္း ျပည္သူ ၁၃ ဦးေသဆံုး


ရခုိင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နားမွာေတြ႔ရတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္တဦး ။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေမာင္ေတာနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ၂ ခုမွာ ဒီေန႔ တရက္တည္း လက္နက္ႀကီးက်ည္ေတြ က်ရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံ အရပ္သား ၁၃ ဦးေသဆုံးၿပီး ၂၅ ဦးထက္မနည္း ထိခိုက္ဒဏ္ရာ ရခဲ့ၾကပါတယ္။ အဲဒီလက္နက္ႀကီးက်ည္က်ေရာက္ခဲ့တဲ့ေနရာေတြမွာ ဘာတိုက္ပြဲမွျဖစ္ပြားတာမရွိဘဲ ျမန္မာစစ္တပ္ဘက္ကပစ္တာျဖစ္တယ္လို႔ ရခိုင္လက္နက္ကိုင္ AA ဘက္က ေျပာဆိုေပမဲ့ စစ္ေကာင္စီဘက္က ျငင္းဆန္ပါတယ္။ ေမာင္ေတာနဲ႔ ေက်ာက္ေတာ္ၿမိဳ႕အတြင္း အေျခအေန သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာ ေျမာက္ပိုင္းက ၿဂိတ္ေခ်ာင္းေက်း႐ြာအတြင္းကို ဒီကေန႔ ႏိုဝင္ဘာလ ၁၆ ရက္ေန႔ ေနလည္ပိုင္းက လက္နက္ႀကီး က်ေရာက္ေပါက္ကြဲၿပီးေတာ့ ေဒသခံ ၁၀ ဦး ေသဆုံးၿပီး ၂၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရခိုင္ လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။

“ေမာင္ေတာ ႀကိမ္ေခ်ာင္း နခခ ၇ ကေနၿပီးေတာ့ လက္နက္ႀကီး ၂ လုံးပစ္တာရွိတယ္။ အဲဒီလက္နက္ႀကီးက ၿဂိတ္ေခ်ာင္းေက်း႐ြာက ကေလးကင္းပြန္းတပ္တဲ့ပြဲေပါ့ေနာ္။ အဲဒီ ပြဲလုပ္ေနတဲ့ ေနရာတည့္တည့္ကို လက္နက္ႀကီး က်ေရာက္ၿပီးေတာ့မွ အဲဒီပြဲကိုေရာက္ေနတဲ့ အရပ္သားျပည္သူ ၁၀ ဦးပြဲခ်င္းၿပီး ေသဆုံးၿပီးေတာ့ ၂၂ ဦး ဒဏ္ရာရသြားတာရွိတယ္။ ဒဏ္ရာရတဲ့သူေတြကိုေတာ့ ႀကိမ္းေခ်ာင္းေဆး႐ုံကိုပို႔ထားၿပီး ဒဏ္ရာျပင္းတဲ့သူေတြကို ေမာင္ေတာေဆး႐ုံကို ယူသြားတယ္လို႔ သိရတယ္ဗ်ာ။”

ေသဆုံးသြားသူေတြကို သၿဂႋဳဟ္ လိုက္ၿပီး ဒဏ္ရာရသူေတြကို ေဆးရံုကို ပို႔ေဆာင္ ထားတယ္လို႔လည္း ၿဂိတ္ေခ်ာင္းေက်း႐ြာသားတဦးက ေျပာပါတယ္။

အေလာင္းေတြကိုေတာ့ သၿဂႋဳဟ္ လိုက္ပါၿပီ ၁၀ ေလာင္းရွိတယ္။ ဒဏ္ရာရတဲ့ သူေတြကိုေတာ့ ေဆး႐ုံကို ပို႔ထားတယ္။ ဒဏ္ရာျပင္းထန္သူေတြလည္းပါတယ္။”

ဒါ့အျပင္ ဒီေန႔မနက္ပိုင္းကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေခ်ာင္းတူ ေက်း႐ြာအတြင္းကို လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီးေတာ့ ေဒသခံ ၃ ဦးေသဆုံးၿပီး သုံးဦးဒဏ္ရာ ရရွိခဲ့တယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအ ကို ေျပာပါတယ္။

“ဒီေန႔မနက္ ၁၁ နာရီအခ်ိန္မွာ ေက်ာက္ေတာ္၊ ကန္ေစာက္အေျခစိုက္ ခမရ ၃၇၇၊ ေနာက္ ခမရ ၅၃၉ အဲဒီလက္နက္ႀကီးတပ္ေတြက ၁၀၅ မီလီမီတာလို႔ထင္ရတဲ့ လက္နက္ႀကီး ၁၄ လုံး ပစ္တာရွိတယ္၊ အဲဒီလက္နက္ႀကီးက ေခ်ာင္းတူ ေက်း ႐ြာကိုက်ၿပီးေတာ့ ေယာက္က်ား ၃ ဦး ပြဲခ်င္းၿပီးေသတယ္။ အမ်ိဳးသမီး၂ ဦး အပါအဝင္ ၃ ဦးဒဏ္ရာရတာရွိတယ္။”

ရခိုင္ျပည္နယ္အတြင္း ေနရာတခ်ိဳ႕မွာ ၿပီးခဲ့တဲ့ လပိုင္းေတြကတည္းက AA ရခိုင္ လက္နက္ကိုင္ အဖြဲ႔နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြျဖစ္ပြားၿပီး လက္နက္ႀကီးေတြသုံး ပစ္ခတ္ေနသလို စစ္တပ္ဘက္က ေလေၾကာင္းက တိုက္ခိုက္တာေတြလည္း ရွိခဲ့ပါတယ္။ ဒီကေန႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တဲ့ ေမာင္ေတာေျမာက္ပိုင္းနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာေတာ့ တိုက္ပြဲမရွိဘဲ စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔လည္း ခိုင္သုခက ဗြီအိုေအကိုေျပာပါတယ္။

“ ဒီဟာက အရပ္သားျပည္သူေတြကို ဦးတည္ၿပီးေတာ့ တိုက္ခိုက္ေနတာ ျဖစ္တယ္။ ဘာတိုက္ပြဲမွ ျဖစ္တာမရွိဘူးဗ်။ တိုက္ပြဲနဲ႔မပတ္သက္တဲ့ အရပ္သားျပည္သူေတြေနတဲ့႐ြာေတြကို ရည္႐ြယ္ခ်က္ရွိရွိပစ္ခတ္ေနတာျဖစ္တဲ့အတြက္ ဒါ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ေျပာလို႔ရပါတယ္။”

AA ဘက္က ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္ခ်က္ ခ်က္ျခင္း ထြက္လာတာ မရွိေသးပါဘူး။ ရခိုင္ျပည္နယ္အတြင္းမွာ AA နဲ႔ ARSA အၾကမ္းဖက္ အဖြဲ႕ေတြ ေျခကုတ္ယူလႈပ္ရွားေနသလို လက္နက္ႀကီးေတြသုံး ပစ္ခတ္ေနတယ္ ဆိုၿပီး စစ္ေကာင္စီဘက္က တုံ႔ျပန္ စြပ္စြဲေလ့ရွိပါတယ္။ တိုက္ပြဲေတြ ျပင္းထန္လာတာနဲ႔အမွ် ရခိုင္ျပည္နယ္အတြင္း အရပ္သား ထိခိုက္ေသဆုံးတဲ့ သတင္းေတြ တေန႔ထက္တေန႔ ပိုမ်ားလာေန ပါတယ္။

ဒီေန႔ ရခိုင္ျပည္နယ္ ေမာင္ေတာနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာ အရပ္သားေသဆံုးမႈေတြဟာ AA ဘက္က ရည္ရြယ္ခ်က္ရွိရွိနဲ႔ ပစ္ခတ္လို႔ ေသဆံုးတာလို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ တံု႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ရခိုင်မှာ လက်နက်ကြီးကြောင့် ၁ ရက်တည်း ပြည်သူ ၁၃ ဦးသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ကျောက်တော်မြို့နယ် ၂ ခုမှာ ဒီနေ့ တရက်တည်း လက်နက်ကြီးကျည်တွေ ကျရာက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ အဲဒီလက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့နေရာတွေမှာ ဘာတိုက်ပွဲမှဖြစ်ပွားတာမရှိဘဲ မြန်မာစစ်တပ်ဘက်ကပစ်တာဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AA ဘက်က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်က ငြင်းဆန်ပါတယ်။ မောင်တောနဲ့ ကျောက်တော်မြို့အတွင်း အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းက ဂြိတ်ချောင်းကျေးရွာအတွင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေလည်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“မောင်တော ကြိမ်ချောင်း နခခ ၇ ကနေပြီးတော့ လက်နက်ကြီး ၂ လုံးပစ်တာရှိတယ်။ အဲဒီလက်နက်ကြီးက ဂြိတ်ချောင်းကျေးရွာက ကလေးကင်းပွန်းတပ်တဲ့ပွဲပေါ့နော်။ အဲဒီ ပွဲလုပ်နေတဲ့ နေရာတည့်တည့်ကို လက်နက်ကြီး ကျရောက်ပြီးတော့မှ အဲဒီပွဲကိုရောက်နေတဲ့ အရပ်သားပြည်သူ ၁၀ ဦးပွဲချင်းပြီး သေဆုံးပြီးတော့ ၂၂ ဦး ဒဏ်ရာရသွားတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကြိမ်းချောင်းဆေးရုံကိုပို့ထားပြီး ဒဏ်ရာပြင်းတဲ့သူတွေကို မောင်တောဆေးရုံကို ယူသွားတယ်လို့ သိရတယ်ဗျာ။”

သေဆုံးသွားသူတွေကို သြင်္ဂိုဟ် လိုက်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ထားတယ်လို့လည်း ဂြိတ်ချောင်းကျေးရွာသားတဦးက ပြောပါတယ်။

အလောင်းတွေကိုတော့ သြင်္ဂိုဟ် လိုက်ပါပြီ ၁၀ လောင်းရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်းပါတယ်။”

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံ ၃ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီအချိန်မှာ ကျောက်တော်၊ ကန်စောက်အခြေစိုက် ခမရ ၃၇၇၊ နောက် ခမရ ၅၃၉ အဲဒီလက်နက်ကြီးတပ်တွေက ၁၀၅ မီလီမီတာလို့ထင်ရတဲ့ လက်နက်ကြီး ၁၄ လုံး ပစ်တာရှိတယ်၊ အဲဒီလက်နက်ကြီးက ချောင်းတူ ကျေး ရွာကိုကျပြီးတော့ ယောက်ကျား ၃ ဦး ပွဲချင်းပြီးသေတယ်။ အမျိုးသမီး၂ ဦး အပါအဝင် ၃ ဦးဒဏ်ရာရတာရှိတယ်။”

ရခိုင်ပြည်နယ်အတွင်း နေရာတချို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက AA ရခိုင် လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးတွေသုံး ပစ်ခတ်နေသလို စစ်တပ်ဘက်က လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ မောင်တောမြောက်ပိုင်းနဲ့ ကျောက်တော်မြို့နယ်မှာတော့ တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“ ဒီဟာက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူးဗျ။ တိုက်ပွဲနဲ့မပတ်သက်တဲ့ အရပ်သားပြည်သူတွေနေတဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာဖြစ်တဲ့အတွက် ဒါ စစ်ရာဇဝတ်မှုမြောက်တယ်လို့ပြောလို့ရပါတယ်။”

AA ဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက် ချက်ခြင်း ထွက်လာတာ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ ARSA အကြမ်းဖက် အဖွဲ့တွေ ခြေကုတ်ယူလှုပ်ရှားနေသလို လက်နက်ကြီးတွေသုံး ပစ်ခတ်နေတယ် ဆိုပြီး စစ်ကောင်စီဘက်က တုံ့ပြန် စွပ်စွဲလေ့ရှိပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်း အရပ်သား ထိခိုက်သေဆုံးတဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုများလာနေ ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ အရပ်သားသေဆုံးမှုတွေဟာ AA ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်လို့ သေဆုံးတာလို့ စစ်ကောင်စီဘက်က ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG