သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရးတင္းမာမႈ ႐ိုဟင္ဂ်ာဒုကၡသည္ေနရပ္ျပန္ေရး ပိုအလွမ္းေဝးႏိုင္


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

[[Zawgyi/Unicode]]

ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားေနၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ကို ျမန္မာစစ္တပ္ဘက္က ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေတြ က်ခဲ့သလို တိုက္ခိုက္ေရး ေလယာဥ္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ က်ဴးေက်ာ္ပ်ံသန္းေနတာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ျမန္မာႏိုင္ငံကို ကန႔္ကြက္ထားပါတယ္။ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးတင္းမာေနမႈဟာ ႐ိုဟင္ဂ်ာဒုကၡ သည္ေတြ ေနရပ္ျပန္ေရးကို ပိုၿပီး အလွမ္းေဝးၿပီး ခက္ခဲသြားေစႏိုင္တယ္လို႔ တခ်ိဳ႕ေလ့လာသူေတြ သုံးသပ္ပါတယ္။ ဘဂၤလားေဒ့ရွ္နယ္ျခား အေျခအေန သတင္းေပးပို႔ခ်က္ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ႏွစ္ေပါင္းမ်ားစြာရပ္တန႔္ၿပီး အေကာင္အထည္မေဖၚႏိုင္ေသးတဲ့ ဘဂၤလားေဒ့ရွ္ ဘက္ ေရာက္လာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြျပန္ပို႔ေရးဟာ ဒီႏွစ္ကုန္ေလာက္မွာ စေကာင္းစႏိုင္မယ္လို႔ မၾကာခင္ သီတင္းပတ္ေတြအတြင္းကပဲ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဌာန အရာရွိေတြ ခန႔္မွန္းေျပာဆိုထားပါတယ္။ ဒီလို ခန႔္မွန္းေျပာဆိုေနခ်ိန္မွာပဲ ရခိုင္လက္ကိုင္ AA အဖြဲ႕ကဘဂၤလားေဒရွ႕္နယ္စပ္ၿခံစည္း႐ိုးအနီးမွာ ရွိတဲ့ စစ္ေကာင္စီနယ္ျခားေစာင့္စခန္းတခုကို ၿပီးခဲ့တဲ့ ရက္ပိုင္းက သိမ္းပိုက္ခဲ့ၿပီး စစ္ေကာင္ စီဘက္ကလည္း တုံ႔ျပန္တိုက္ခိုက္တာေတြလည္း ပိုၿပီး ျပင္းထန္လာပါတယ္။

နယ္ျခားေစာင့္တပ္သား ၁၉ ဦး ေသဆုံးၿပီး တဦးကိုဖမ္းဆီးခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ဘက္က ေျပာပါတယ္။ ထိခိုက္ဒဏ္ရာရတဲ့ စာရင္းေတြနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က အတည္ျပဳခ်က္မေပးပါဘူး။ AA သိမ္းပိုက္ထားတဲ့ စခန္းကို ျပန္ရယူဖို႔အတြက္ ေလေၾကာင္းအပါအဝင္ အႀကီးအက်ယ္ ျပန္လည္ တိုက္ခိုက္ေနၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ခဲ့ပါတယ္။ တခ်ိန္တည္းမွာ ျမန္မာစစ္တပ္ဘက္က တိုက္ခိုက္ေရး ေလယာဥ္ေတြ ေဝဟင္ပိုင္နက္က်ဳးေက်ာ္တယ္ဆိုၿပီး ဘဂၤလားေဒ့ရ္ႏိုင္ငံဘက္က ျမန္မာစစ္ေကာင္စီ သံအမတ္ႀကီးကို ေခၚယူကန႔္ကြက္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာနယ္ျခားမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က လုံၿခဳံေရး တိုးျမႇင့္ ခ်ထားပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ကို ျမန္မာဘက္ကလူေတြ ထပ္ၿပီး ျဖတ္ေက်ာ္ မလာေစဖို႔ ျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့တဲ့အေၾကာင္းလည္း သတင္းေတြမွာ ေဖၚျပပါတယ္။ အခုလို ႏွစ္ငံၾကားတင္းမာမႈေတြေၾကာင့္ ဘဂၤလားေဒ့ရွိႏိုင္ငံဘက္ကိုေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ကိစၥ ပိုမိုခက္ခဲလာႏိုင္တယ္လို႔လည္း ရခိုင္အေရးကြၽမ္း က်င္သူ ဦးေဖသန္းက သုံးသပ္ေျပာဆိုပါတယ္။

“ အခုတိုက္ပြဲျဖစ္ေနတဲ့အခ်ိန္မွာ ဒုကၡသည္ေတြ၊ မြတ္ဆလင္ေတြ ေနရပ္ျပန္ေရးကိစၥကေတာ့ ပိုၿပီးေတာ့ ၾကန႔္ၾကာသြားႏိုင္တယ္ေပါ့၊ ဒါေပမယ့္ အဓိက ေတာင္းဆိုခ်က္ေတြ ရွိတယ္။ ႏိုင္ငံေရးအားျဖင့္ သူတို႔ရဲ႕ ဆုံးရႈံးသြားတဲ့အရာေတြအတြက္ ေလ်ာ္ေၾကးေပးရမွာတို႔၊ ႏိုင္ငံသား အခြင့္အေရးေပးရမွာတို႔၊ လုံၿခဳံမႈရွိေအာင္ ကာကြယ္ေစာင့္ေရွာက္ရမွာတို႔ အဲလိုမ်ိဳး ေတြရွိတယ္။ အဲဒီအေပၚမွာ အဓိကက်ပါတယ္။”

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြအတြင္း စစ္တပ္က နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ဘဂၤလားေဒရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့တာပါ။ လက္ရွိမွာေတာ့ အဲဒီ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အေရးဟာ ဝႏ္ုထုပ္ဝန္ပိုးတခုျဖစ္ေနၿပီး သူတို႔ေတြေနရပ္ျပန္ႏိုင္မယ့္ အစီအစဥ္ေတြကို ႏိုင္ ငံတကာနဲ႔ အိမ္နီးႏိုင္ငံေတြနဲ႔ ေဆြးေႏြးေနရတယ္လို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ sheikh Hasina က ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ANI သတင္းဌာနနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို အသိအမွတ္ျပဳ လက္ခံျခင္းမရွိပါဘူး။ ဒုကၡသည္ ေနရပ္ ျပန္လည္ပို႔ေဆာင္ေရး အစီအစဥ္ကိုေတာ့ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔လက္တြဲၿပီး စီစစ္ေဆာင္႐ြက္မယ့္အေၾကာင္း ကတိေပးေျပာဆိုထားပါတယ္။

ႏိုင္ငံေရးသုံးသပ္သူ ဦးေဖသန္းကေတာ့ လက္ရွိ ရခိုင္ျပည္နယ္အတြင္း စစ္ေရးတင္းမာမႈ အေျခအေနဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကိုလည္း ထိခိုက္လာႏိုင္တယ္လို႔ ျမင္ပါတယ္။

“ဆက္ၿပီးေတာ့ အဲလို သူတို႔ဘက္က ျပင္းျပင္းထန္ထန္ကန႔္ကြက္လာၿပီဆိုရင္ေတာ့ ဆက္ၿပီးေတာ့ အဲလို လက္နက္ႀကီးက်ည္ေတြက်မယ္။ ဟိုဘက္က ဘဂၤလားေဒ့ရွ္ျပည္သူေတြရဲ႕ စိုးရိမ္ထိတ္လန႔္မႈကို ျဖစ္ေစမယ္၊ ပိုင္နက္က်ဴးလြန္တယ္၊ က်ဴးေက်ာ္တယ္ဆိုတဲ့ သေဘာမ်ိဳးျဖစ္လာရင္ေတာ့ တေန႔ထက္တေန႔ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ တင္းမာလာမွာပဲ။ အဓိကေတာ့ နယ္စပ္မွာတိုက္ပြဲေတြရွိေနရင္ ဒီကိစၥကေတာ့ ရွိေနအုံးမွာပဲ။”

႐ိုဟင္ဂ်ာဒုကၡသည္ေတြကို စီစစ္လက္ခံမယ္လို႔ စစ္ေကာင္စီဘက္က ေျပာဆိုေနတဲ့ တခ်ိန္တည္းမွာ ဒုကၡသည္ေတြဘက္ကလည္း ေဘးကင္း လုံၿခဳံမႈကို အာမခံေပးၿပီး ဂုဏ္သိကၡာရွိရွိ ျပန္ႏိုင္တဲ့ အေျခအေနမ်ိဳးရွိမွ ျပန္ခ်င္တဲ့အေၾကာင္း ေျပာဆိုေနပါတယ္။ ႏွစ္ႏိုင္ငံနယ္စပ္ စစ္ေရးပဋိပကၡနဲ႔ တိုက္ပြဲေတြ မျဖစ္ခင္ကလည္း စစ္အာဏာသိမ္းမႈနဲ႔ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး ပဋိပကၡေတြေၾကာင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးဟာ အလွမ္းေဝးသြားႏိုင္တယ္ဆိုတာကို ေဒသတြင္းအကဲခတ္ေတြ ေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတင်းမာမှု ရိုဟင်ဂျာဒုက္ခသည်နေရပ်ပြန်ရေး ပိုအလှမ်းဝေးနိုင်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျခဲ့သလို တိုက်ခိုက်ရေး လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကျူးကျော်ပျံသန်းနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံကို ကန့်ကွက်ထားပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေမှုဟာ ရိုဟင်ဂျာဒုက္ခ သည်တွေ နေရပ်ပြန်ရေးကို ပိုပြီး အလှမ်းဝေးပြီး ခက်ခဲသွားစေနိုင်တယ်လို့ တချို့လေ့လာသူတွေ သုံးသပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြား အခြေအနေ သတင်းပေးပို့ချက်ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်းများစွာရပ်တန့်ပြီး အကောင်အထည်မဖေါ်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ် ဘက် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေပြန်ပို့ရေးဟာ ဒီနှစ်ကုန်လောက်မှာ စကောင်းစနိုင်မယ်လို့ မကြာခင် သီတင်းပတ်တွေအတွင်းကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေ ခန့်မှန်းပြောဆိုထားပါတယ်။ ဒီလို ခန့်မှန်းပြောဆိုနေချိန်မှာပဲ ရခိုင်လက်ကိုင် AA အဖွဲ့ကဘင်္ဂလားဒေရှ့်နယ်စပ်ခြံစည်းရိုးအနီးမှာ ရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်စခန်းတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းပိုက်ခဲ့ပြီး စစ်ကောင် စီဘက်ကလည်း တုံ့ပြန်တိုက်ခိုက်တာတွေလည်း ပိုပြီး ပြင်းထန်လာပါတယ်။

နယ်ခြားစောင့်တပ်သား ၁၉ ဦး သေဆုံးပြီး တဦးကိုဖမ်းဆီးခဲ့တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က အတည်ပြုချက်မပေးပါဘူး။ AA သိမ်းပိုက်ထားတဲ့ စခန်းကို ပြန်ရယူဖို့အတွက် လေကြောင်းအပါအဝင် အကြီးအကျယ် ပြန်လည် တိုက်ခိုက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာစစ်တပ်ဘက်က တိုက်ခိုက်ရေး လေယာဉ်တွေ ဝေဟင်ပိုင်နက်ကျုးကျော်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်နိုင်ငံဘက်က မြန်မာစစ်ကောင်စီ သံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုံခြုံရေး တိုးမြှင့် ချထားပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို မြန်မာဘက်ကလူတွေ ထပ်ပြီး ဖြတ်ကျော် မလာစေဖို့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တဲ့အကြောင်းလည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ အခုလို နှစ်ငံကြားတင်းမာမှုတွေကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကိုရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ကိစ္စ ပိုမိုခက်ခဲလာနိုင်တယ်လို့လည်း ရခိုင်အရေးကျွမ်း ကျင်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။

“ အခုတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေ၊ မွတ်ဆလင်တွေ နေရပ်ပြန်ရေးကိစ္စကတော့ ပိုပြီးတော့ ကြန့်ကြာသွားနိုင်တယ်ပေါ့၊ ဒါပေမယ့် အဓိက တောင်းဆိုချက်တွေ ရှိတယ်။ နိုင်ငံရေးအားဖြင့် သူတို့ရဲ့ ဆုံးရှုံးသွားတဲ့အရာတွေအတွက် လျော်ကြေးပေးရမှာတို့၊ နိုင်ငံသား အခွင့်အရေးပေးရမှာတို့၊ လုံခြုံမှုရှိအောင် ကာကွယ်စောင့်ရှောက်ရမှာတို့ အဲလိုမျိုး တွေရှိတယ်။ အဲဒီအပေါ်မှာ အဓိကကျပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း စစ်တပ်က နယ်မြေရှင်းလင်းမှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီရိုဟင်ဂျာဒုက္ခသည်တွေ အရေးဟာ ဝန်ုထုပ်ဝန်ပိုးတခုဖြစ်နေပြီး သူတို့တွေနေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေကို နိုင် ငံတကာနဲ့ အိမ်နီးနိုင်ငံတွေနဲ့ ဆွေးနွေးနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် sheikh Hasina က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ANI သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်ပြု လက်ခံခြင်းမရှိပါဘူး။ ဒုက္ခသည် နေရပ် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကိုတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လက်တွဲပြီး စီစစ်ဆောင်ရွက်မယ့်အကြောင်း ကတိပေးပြောဆိုထားပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းကတော့ လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ မြင်ပါတယ်။

“ဆက်ပြီးတော့ အဲလို သူတို့ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်လာပြီဆိုရင်တော့ ဆက်ပြီးတော့ အဲလို လက်နက်ကြီးကျည်တွေကျမယ်။ ဟိုဘက်က ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖြစ်စေမယ်၊ ပိုင်နက်ကျူးလွန်တယ်၊ ကျူးကျော်တယ်ဆိုတဲ့ သဘောမျိုးဖြစ်လာရင်တော့ တနေ့ထက်တနေ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တင်းမာလာမှာပဲ။ အဓိကတော့ နယ်စပ်မှာတိုက်ပွဲတွေရှိနေရင် ဒီကိစ္စကတော့ ရှိနေအုံးမှာပဲ။”

ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်လက်ခံမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေတဲ့ တချိန်တည်းမှာ ဒုက္ခသည်တွေဘက်ကလည်း ဘေးကင်း လုံခြုံမှုကို အာမခံပေးပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့ အခြေအနေမျိုးရှိမှ ပြန်ချင်တဲ့အကြောင်း ပြောဆိုနေပါတယ်။ နှစ်နိုင်ငံနယ်စပ် စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေ မဖြစ်ခင်ကလည်း စစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာ အလှမ်းဝေးသွားနိုင်တယ်ဆိုတာကို ဒေသတွင်းအကဲခတ်တွေ ထောက်ပြပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG