သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ လောင်စာဆီရှားပါး ပြတ်လပ် 


မောင်တောမြို့နယ်တွင်း နေ့စဉ်လူနေမှု မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-ထက်အောင်ခန့်)
မောင်တောမြို့နယ်တွင်း နေ့စဉ်လူနေမှု မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-ထက်အောင်ခန့်)

[[Zawgyi/Unicode]]

မြန်မာစစ်တပ်နဲ့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေသလို တချို့နေရာတွေမှာ ပြတ်လပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောနေပါတယ်။ စစ်တွေမြို့မှာလည်း ဆီတင်ကားတွေ မရောက်တာကြောင့် စက်သုံးဆီ တွေ ပြတ်လပ်နေတာ တပတ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပြကြပါတယ်။ ရခိုင်ပြည်နယ်တွင်း အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော် တင်ပြပေးထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်တပ်ဘက်က လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ပင် ကန့်သတ်ထားတာကြောင့် မြို့နယ်တချို့မှာ စက်သုံးဆီတွေအပါအဝင် စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေသလို နေရာတချို့မှာ ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့လောက်ကစပြီး စက်သုံးဆီတွေ ရှားပါးလာပြီး လူသုံးများတဲ့ 95 နဲ့ 95 ဆီတွေဆိုရင်လုံးဝ ရှာမရတော့ဘူးလို့ စစ်တွေဒေသခံ ကိုအောင်နိုင်ကပြောပါတယ်။

“အခုလောလောဆယ်မှာတော့ လူတိုင်းအသုံးများတဲ့ 92 အောက်တိန်းဆီပေါ့နော်။ လုံးဝကိုရှာလို့မရတဲ့ အခြေအနေရှိတယ်။ ကျနော်တို့ဆိုရင်လည်း မနက်ကတည်းက ဆီဆိုင်ကိုသွားတာ ဆီဆိုင်တွေအကုန်လုံးက ပိတ်ထားတော့ ပြန်လာခဲ့ရတယ်။”

လက်ရှိ စစ်တွေမြို့မှာဆိုရင် စက်သုံးဆီဆိုင်တွေအားလုံးမှာ ဆီတွေ ပြတ်လပ်နေသလို လမ်းဘေးဆိုင်တွေမှာ ၉၂ တလီတာကို ကျပ် ၃ ထောင်ကျော်ပေးပြီး ရှာထည့်နေရတယ်လို့လည်း စစ်တွေမြို့မှာ အလုပ် လုပ်ကိုင်နေတဲ့ ကိုနောင်ခိုင်အောင်က ပြောပါတယ်။

“ ဒီတပတ်အတွင်းမှာ ပေါ့နော် စက်သုံးဆီတွေက ပိုပြီးတော့ ရှားပါးလာတယ်။ ဆိုင်ကယ် ဆီထည့်မယ်ဆိုရင်လည်း အရင်တုန်းက တန်းစီပြီးတော့ ထည့်ရင် အဆင်ပြေသေးတယ်။ ဆိုင်တွေသွားလိုက်ရင် ဆိုင်ဝမှာ ဆိုင်းဘုတ်ကပ်ထားတယ် - ဆီကုန်နေတယ်၊ ဆိုတော့ ကျနော်တို့ အပြင်မှာရှာထည့်ရင်လည်း အပြင်မှာက တလီတာကို ၃ ထောင်ကျော် လောက် ပေးရတယ်။ အဲဒါတောင် နေရာတိုင်းမှာ ထည့်လို့မရတော့ဘူး။ အဲလိုမျိုးပေါ့။”

ရခိုင်ပြည်နယ်မှာ ပြည်သူတော်တော်များများက လုပ်ငန်းခွင်နဲ့ တခြား နေ့စဉ်သွားလာမှုတွေအတွက် မော်တော်ဆိုင်ကယ်ကို အဓိကထား အသုံးပြုနေရပါတယ်။ အခုလို စက်သုံးဆီတွေ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံရတယ်လို့လည်း စစ်တွေဒေသခံတဦးဖြစ်တဲ့ ကိုအောင်နိုင်ကပြောပါတယ်။

“ အခက်အခဲကတော့ အများကြီးဖြစ်သွားတာပေါ့နော်။ ကျနော်တို့ဆိုရင် အလုပ်သွားရင် နေအိမ်နဲ့ လုပ်ရတဲ့နေရာကဝေးတော့ ဆီမရှိတော့ဘူးဆိုရင် ဆိုင်ကယ်နဲ့သွားလို့အဆင် မပြေတော့ဘူးလေ၊ ဆီမရှိတော့ ဘေးတွဲတို့ သုံးဘီးဆိုင်ကယ် ကယ်ရီတွေနဲ့သွားမယ်ဆိုရင်လည်း ကုန်ကျစရိုတ်က ပိုကြီးသွားတာပေါ့နော်၊ အရင်က ၂,၅၀၀ ဖိုးလောက်ဆိုရင် နှစ်ရက်သုံးရက် လောက်သွားလို့ရပေမယ့် အခု ၂,၅၀၀ ဖိုးဆိုရင် တရက်စာလောက်ပဲသွားလို့ရတော့ တကယ်အခက်အခဲဖြစ်ရတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုတင်သွင်းတဲ့ စက်သုံးဆီကားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမ ပုဏ္ဏားကျွန်းမြို့အနီးမှာ ဒီကနေ့ အထိ ပိတ်မိနေပါတယ်။ ဒါကြောင့် စက်ဆုံးဆီတွေ ပြတ်လပ်နေတာလို့လည်း ဆီအရောင်းဆိုင် တာဝန်ရှိသူ တွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]










XS
SM
MD
LG