သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းမွာ ေလာင္စာဆီရွားပါး ျပတ္လပ္ 


ေမာင္ေတာၿမိဳ႕နယ္တြင္း ေန႔စဥ္လူေနမႈ မွတ္တမ္းဓာတ္ပံု။ (ဓာတ္ပံု-ထက္ေအာင္ခန္႔)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္နဲ႔ AA ရခိုင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ စက္သုံးဆီေဈးႏႈန္းေတြ ျမင့္တက္ေနသလို တခ်ိဳ႕ေနရာေတြမွာ ျပတ္လပ္ေနတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာေနပါတယ္။ စစ္ေတြၿမိဳ႕မွာလည္း ဆီတင္ကားေတြ မေရာက္တာေၾကာင့္ စက္သုံးဆီ ေတြ ျပတ္လပ္ေနတာ တပတ္နီးပါးရွိေနၿပီလို႔ ေဒသခံေတြက ေျပာျပၾကပါတယ္။ ရခိုင္ျပည္နယ္တြင္း အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္ တင္ျပေပးထားပါတယ္။

တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္တပ္ဘက္က လမ္းပန္းဆက္သြယ္ေရးနဲ႔ ကုန္ပစၥည္းသယ္ယူခြင့္ေတြကို ပိတ္ပင္ ကန႔္သတ္ထားတာေၾကာင့္ ၿမိဳ႕နယ္တခ်ိဳ႕မွာ စက္သုံးဆီေတြအပါအဝင္ စားေသာက္ကုန္ေတြ ေဈးႏႈန္းျမင့္တက္ေနသလို ေနရာတခ်ိဳ႕မွာ ျပတ္လပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။စစ္ေတြၿမိဳ႕ေပၚမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ေလာက္ကစၿပီး စက္သုံးဆီေတြ ရွားပါးလာၿပီး လူသုံးမ်ားတဲ့ 95 နဲ႔ 95 ဆီေတြဆိုရင္လုံးဝ ရွာမရေတာ့ဘူးလို႔ စစ္ေတြေဒသခံ ကိုေအာင္ႏိုင္ကေျပာပါတယ္။

“အခုေလာေလာဆယ္မွာေတာ့ လူတိုင္းအသုံးမ်ားတဲ့ 92 ေအာက္တိန္းဆီေပါ့ေနာ္။ လုံးဝကိုရွာလို႔မရတဲ့ အေျခအေနရွိတယ္။ က်ေနာ္တို႔ဆိုရင္လည္း မနက္ကတည္းက ဆီဆိုင္ကိုသြားတာ ဆီဆိုင္ေတြအကုန္လုံးက ပိတ္ထားေတာ့ ျပန္လာခဲ့ရတယ္။”

လက္ရွိ စစ္ေတြၿမိဳ႕မွာဆိုရင္ စက္သုံးဆီဆိုင္ေတြအားလုံးမွာ ဆီေတြ ျပတ္လပ္ေနသလို လမ္းေဘးဆိုင္ေတြမွာ ၉၂ တလီတာကို က်ပ္ ၃ ေထာင္ေက်ာ္ေပးၿပီး ရွာထည့္ေနရတယ္လို႔လည္း စစ္ေတြၿမိဳ႕မွာ အလုပ္ လုပ္ကိုင္ေနတဲ့ ကိုေနာင္ခိုင္ေအာင္က ေျပာပါတယ္။

“ ဒီတပတ္အတြင္းမွာ ေပါ့ေနာ္ စက္သုံးဆီေတြက ပိုၿပီးေတာ့ ရွားပါးလာတယ္။ ဆိုင္ကယ္ ဆီထည့္မယ္ဆိုရင္လည္း အရင္တုန္းက တန္းစီၿပီးေတာ့ ထည့္ရင္ အဆင္ေျပေသးတယ္။ ဆိုင္ေတြသြားလိုက္ရင္ ဆိုင္ဝမွာ ဆိုင္းဘုတ္ကပ္ထားတယ္ - ဆီကုန္ေနတယ္၊ ဆိုေတာ့ က်ေနာ္တို႔ အျပင္မွာရွာထည့္ရင္လည္း အျပင္မွာက တလီတာကို ၃ ေထာင္ေက်ာ္ ေလာက္ ေပးရတယ္။ အဲဒါေတာင္ ေနရာတိုင္းမွာ ထည့္လို႔မရေတာ့ဘူး။ အဲလိုမ်ိဳးေပါ့။”

ရခိုင္ျပည္နယ္မွာ ျပည္သူေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းခြင္နဲ႔ တျခား ေန႔စဥ္သြားလာမႈေတြအတြက္ ေမာ္ေတာ္ဆိုင္ကယ္ကို အဓိကထား အသုံးျပဳေနရပါတယ္။ အခုလို စက္သုံးဆီေတြ ျပတ္လပ္ၿပီး ေဈးႏႈန္းျမင့္တက္ေနတာေၾကာင့္ ေဒသခံေတြ အခက္ႀကဳံရတယ္လို႔လည္း စစ္ေတြေဒသခံတဦးျဖစ္တဲ့ ကိုေအာင္ႏိုင္ကေျပာပါတယ္။

“ အခက္အခဲကေတာ့ အမ်ားႀကီးျဖစ္သြားတာေပါ့ေနာ္။ က်ေနာ္တို႔ဆိုရင္ အလုပ္သြားရင္ ေနအိမ္နဲ႔ လုပ္ရတဲ့ေနရာကေဝးေတာ့ ဆီမရွိေတာ့ဘူးဆိုရင္ ဆိုင္ကယ္နဲ႔သြားလို႔အဆင္ မေျပေတာ့ဘူးေလ၊ ဆီမရွိေတာ့ ေဘးတြဲတို႔ သုံးဘီးဆိုင္ကယ္ ကယ္ရီေတြနဲ႔သြားမယ္ဆိုရင္လည္း ကုန္က်စ႐ိုတ္က ပိုႀကီးသြားတာေပါ့ေနာ္၊ အရင္က ၂,၅၀၀ ဖိုးေလာက္ဆိုရင္ ႏွစ္ရက္သုံးရက္ ေလာက္သြားလို႔ရေပမယ့္ အခု ၂,၅၀၀ ဖိုးဆိုရင္ တရက္စာေလာက္ပဲသြားလို႔ရေတာ့ တကယ္အခက္အခဲျဖစ္ရတယ္။”

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကိုတင္သြင္းတဲ့ စက္သုံးဆီကားေတြဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့တဲ့ စစ္ေတြ-ရန္ကုန္ အေဝးေျပးကားလမ္းမ ပုဏၰားကြၽန္းၿမိဳ႕အနီးမွာ ဒီကေန႔ အထိ ပိတ္မိေနပါတယ္။ ဒါေၾကာင့္ စက္ဆုံးဆီေတြ ျပတ္လပ္ေနတာလို႔လည္း ဆီအေရာင္းဆိုင္ တာဝန္ရွိသူ ေတြကေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ရခိုင်မြောက်ပိုင်းမှာ လောင်စာဆီရှားပါး ပြတ်လပ်

မြန်မာစစ်တပ်နဲ့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေသလို တချို့နေရာတွေမှာ ပြတ်လပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောနေပါတယ်။ စစ်တွေမြို့မှာလည်း ဆီတင်ကားတွေ မရောက်တာကြောင့် စက်သုံးဆီ တွေ ပြတ်လပ်နေတာ တပတ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပြကြပါတယ်။ ရခိုင်ပြည်နယ်တွင်း အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော် တင်ပြပေးထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်တပ်ဘက်က လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ပင် ကန့်သတ်ထားတာကြောင့် မြို့နယ်တချို့မှာ စက်သုံးဆီတွေအပါအဝင် စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေသလို နေရာတချို့မှာ ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့လောက်ကစပြီး စက်သုံးဆီတွေ ရှားပါးလာပြီး လူသုံးများတဲ့ 95 နဲ့ 95 ဆီတွေဆိုရင်လုံးဝ ရှာမရတော့ဘူးလို့ စစ်တွေဒေသခံ ကိုအောင်နိုင်ကပြောပါတယ်။

“အခုလောလောဆယ်မှာတော့ လူတိုင်းအသုံးများတဲ့ 92 အောက်တိန်းဆီပေါ့နော်။ လုံးဝကိုရှာလို့မရတဲ့ အခြေအနေရှိတယ်။ ကျနော်တို့ဆိုရင်လည်း မနက်ကတည်းက ဆီဆိုင်ကိုသွားတာ ဆီဆိုင်တွေအကုန်လုံးက ပိတ်ထားတော့ ပြန်လာခဲ့ရတယ်။”

လက်ရှိ စစ်တွေမြို့မှာဆိုရင် စက်သုံးဆီဆိုင်တွေအားလုံးမှာ ဆီတွေ ပြတ်လပ်နေသလို လမ်းဘေးဆိုင်တွေမှာ ၉၂ တလီတာကို ကျပ် ၃ ထောင်ကျော်ပေးပြီး ရှာထည့်နေရတယ်လို့လည်း စစ်တွေမြို့မှာ အလုပ် လုပ်ကိုင်နေတဲ့ ကိုနောင်ခိုင်အောင်က ပြောပါတယ်။

“ ဒီတပတ်အတွင်းမှာ ပေါ့နော် စက်သုံးဆီတွေက ပိုပြီးတော့ ရှားပါးလာတယ်။ ဆိုင်ကယ် ဆီထည့်မယ်ဆိုရင်လည်း အရင်တုန်းက တန်းစီပြီးတော့ ထည့်ရင် အဆင်ပြေသေးတယ်။ ဆိုင်တွေသွားလိုက်ရင် ဆိုင်ဝမှာ ဆိုင်းဘုတ်ကပ်ထားတယ် - ဆီကုန်နေတယ်၊ ဆိုတော့ ကျနော်တို့ အပြင်မှာရှာထည့်ရင်လည်း အပြင်မှာက တလီတာကို ၃ ထောင်ကျော် လောက် ပေးရတယ်။ အဲဒါတောင် နေရာတိုင်းမှာ ထည့်လို့မရတော့ဘူး။ အဲလိုမျိုးပေါ့။”

ရခိုင်ပြည်နယ်မှာ ပြည်သူတော်တော်များများက လုပ်ငန်းခွင်နဲ့ တခြား နေ့စဉ်သွားလာမှုတွေအတွက် မော်တော်ဆိုင်ကယ်ကို အဓိကထား အသုံးပြုနေရပါတယ်။ အခုလို စက်သုံးဆီတွေ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံရတယ်လို့လည်း စစ်တွေဒေသခံတဦးဖြစ်တဲ့ ကိုအောင်နိုင်ကပြောပါတယ်။

“ အခက်အခဲကတော့ အများကြီးဖြစ်သွားတာပေါ့နော်။ ကျနော်တို့ဆိုရင် အလုပ်သွားရင် နေအိမ်နဲ့ လုပ်ရတဲ့နေရာကဝေးတော့ ဆီမရှိတော့ဘူးဆိုရင် ဆိုင်ကယ်နဲ့သွားလို့အဆင် မပြေတော့ဘူးလေ၊ ဆီမရှိတော့ ဘေးတွဲတို့ သုံးဘီးဆိုင်ကယ် ကယ်ရီတွေနဲ့သွားမယ်ဆိုရင်လည်း ကုန်ကျစရိုတ်က ပိုကြီးသွားတာပေါ့နော်၊ အရင်က ၂,၅၀၀ ဖိုးလောက်ဆိုရင် နှစ်ရက်သုံးရက် လောက်သွားလို့ရပေမယ့် အခု ၂,၅၀၀ ဖိုးဆိုရင် တရက်စာလောက်ပဲသွားလို့ရတော့ တကယ်အခက်အခဲဖြစ်ရတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုတင်သွင်းတဲ့ စက်သုံးဆီကားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမ ပုဏ္ဏားကျွန်းမြို့အနီးမှာ ဒီကနေ့ အထိ ပိတ်မိနေပါတယ်။ ဒါကြောင့် စက်ဆုံးဆီတွေ ပြတ်လပ်နေတာလို့လည်း ဆီအရောင်းဆိုင် တာဝန်ရှိသူ တွေကပြောဆိုကြပါတယ်။

XS
SM
MD
LG