ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် AA တို့ကြား နှစ်ဘက်နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု ပိုပြ ီးတော့မှ အားကောင်းလာစေဖို့ရည်ရွယ်ပြီးတော့ တစုံတရာ အပြစ်ပေးအရေးယူတာမလုပ်ပဲ ငါးလာခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား အယောက်(၂၀)ကို ပြန်လွှတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ပြီးတော့ ငါးလာဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ငါးဖမ်းလှေ အစီး ၆ဝကျော်ကို AAကမ်းခြေစောင့်တပ်တွေက ခေါ်ယူဖမ်းဆီးခဲ့တာပါ။ အဲဒီထဲက ငါးဖမ်းလှေ ၁၅စီးနဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂ဝဦးကို ထိန်းသိမ်းခဲ့တယ်လို့ နိုဝင်ဘာလ ၂၀ရက်နေ့ရက်စွဲနဲ့ အာရက္ခတပ်တော်ဘက်က သတင်းထုတ်ပြန်တာပါ။
၂ရက်ကြာစစ်ဆေးပြ ီးတဲ့နောက် နိုဝင်ဘာလ ၇ရက်နေ့မှာ အာရက္ခတပ်တော်AAက ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ရေလုပ်သား၂၀ ဦးနဲ့ ငါးဖမ်းလှေ ၇ စီးကို ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ် BGB လက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ကျန်တဲ့ ငါးဖမ်းလှေ ၈စီးကိုတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့် လုံခြုံရေးအာမခံချက်ရှိတဲ့ အချိန်ကျမှ လွှဲပြောင်းပေးအပ်မယ်လို့ AAဘက်က ဆိုပါတယ်။
ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးခိုးဖမ်းကြတဲ့ရေလုပ်သားတွေဟာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေး အကျပ်အတည်းတွေကို ငါးဖမ်းပြ ီးတော့ အသက်မွေးဝမ်းကျောင်းပြု ဖြေရှင်းနေကြသူများဖြစ်တဲ့အတွက် အာရက္ခတပ်တော်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေရဲ့ မိသားစုစားဝတ်နေရေး အကျပ်အတည်းတွေကို ထောက်ထားငဲ့ညှာပြီး သက်ညှာပေးခဲ့တာဖြစ်ပေမဲ့ နောက်နောင် ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်း မပြုလုပ်ဖို့ ခံဝန်ကတိလက်မှတ်ထိုးပြီးမှ ဘင်္ဂလားဒေ့ရှ်ဘက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ AA ကသတင်းထုတ်ပါတယ်။
နောက်နောင် ရခိုင်ပြည်နယ်ရေပိုင်နက်ထဲကို ကျူးကျော်ပြီး ငါးခိုးဖမ်းဖို့ ဝင်ရောက်လာမယ်ဆိုရင် မည်သူ့ကိုမဆို AA အနေနဲ့ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့လည်း အာရက္ခတပ်တော် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
Forum